ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်
အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (NLD)ပါတီကို စစ်ကောင်စီမှ ဖျက်သိမ်းကြောင်း ကြောညာပြီးနောက် စစ်ကောင်စီလက်အောက်ခံအဖွဲ့များမှ မြို့နယ်အချို့ရှိ NLD ပါတီဆိုင်းဘုတ်များကို လိုက်လံဖြုတ်ယူနေ ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ရှိ ကမာရွတ်မြို့နယ်မှ ပါတီရုံးတစ်ခု၏ ဆိုင်းဘုတ်ကို စစ်ကောင်စီလက်အောက်ခံ ထွေအုပ်၀န်ထမ်းများနှင့် စည်ပ င်၀န်ထမ်းများက လိုက်လံဖြုတ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။
“မြို့နယ်က ထွေအုပ်တွေနဲ့ စည်ပင်တွေရောက်လာပြီးတော့ NLD ပါတီရုံးက ဆိုင်းဘုတ်ကိုလာဖြုတ်ကြတာ။ ဖြုတ်ပြီးကားပေါ်တင် သွားတယ်”ဟု ကမာရွတ်မြို့နယ်နေထိုင်သူ အမျိုး သမီးတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် NLD ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ ကိုဖမ်းဆီးထားပြီး ဖမ်း၀ရမ်းထုတ် လိုက်လံဖမ်း ဆီးမှုများပြုလုပ်လျှက်ရှိသည်။ ထို့ပြင် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို ပါတီမှတ်ပုံတင်ခြင်း မရှိသောကြောင့် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ ညပိုင်းက ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သည် NLD ပါတီအပါအ၀င် SNLD ပါတီနှင့် ပါတီ ၄၀ ကို သတ်မှတ်ချိန်အတွင်း ပါတီမှတ်ပုံတင်လာရောက် လျှောက်ထားခြင်းမရှိဟုဆိုကာ ဖျက်သိမ်းကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
#ရန်ကုန် #NLD #ပါတီဆိုင်းဘုတ် #စစ်ကောင်စီ #ဖြုတ်သိမ်း #Ayeyarwaddy_Times