ဧရာ၀တီတိုင်းမ်
ဧပြီ ၁ ရက်
စစ်ကောင်စီ၏ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၏ ဒုတိယဌာနမှူး ဒုဗိုလ်မှူးကြီး မြင့်ဝေကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့ က မြို့ပြပြောက်ကျား တပ်ဖွဲ့မှ ပစ်ခတ်ရာ သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ မတ်လ ၃၁ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ် အချိန်က ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ (၃၄) ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် (၇၉၀) ရှိ ၎င်း၏နေအိမ်တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူကအပြင်ကနေပြန်လာတဲ့အချိန်မှာ အိမ်ရှေ့ရောက်ပြီ။ သူ့မိန်းမနဲ့ သမီးပါတယ်။ သူတို့ကတံခါးဆင်းဖွင့်တဲ့အချိန် အနီးကပ် ၈ ချက်ပစ်ခဲ့တာပါ။ အပစ်ခံရတဲ့သူက ကျွန်တော်တို့ရဲဘော်တွေ၊ ပြည်သူတွေရဲ့နေအိမ်ပေါ်တွေကို လေကြောင်းကနေ ပစ်ခတ်ဖို့ အမိန့်ပေးနေတဲ့သူဖြစ်ပါတယ်။ နောက်ချန်လေတပ်စခန်းတွေကိုလည်း တိုက်ခိုက်သွား မှာပါ” ဟု ရန်ကုန်မြို့ပြ UG တာ၀န်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကို စစ်ကောင်စီတပ်ဘက်မှ သတင်းဖုံးဖိထားပြီး ၎င်း၏ဇနီးဖြစ်သူ မြန်မာ့ သစ်လုပ်ငန်း၊ လက်ထောက်အထွေထွေမန်နေ ဂျာ(ငြိမ်း) ဒေါ်ခင်ချို၀င်းသည် ကိုယ်ပိုင်ကားဖြင့် ဈေးမှပြန်လာစဉ် PDF များမှ သေနတ်ဖြင့် ခြောက် ချက်ပစ်ခတ်ရာ ပေါင်တွင်သာ ထိမှန်ဒဏ်ရာရရှိ၍ မစိုးရိမ်ရကြောင်း စစ်တပ်ထောက်ခံ မီဒီယိများမှတစ်ဆင့် သတင်းမှား လွှင့်ခဲ့သည်။
“လူနာတင်ကား နှစ်စီးရောက်လာတာ။ တစ်ယောက်ကို တင်သွားပြီး သူ့မိန်းမကိုတော့ အိမ်မှာပဲတွေ့ရတယ်။ သူ့မိန်းမပစ်ခံရတယ်ဆိုပြီး သတင်းတွေတက်လာတော့ အံ့ဩ နေတာ။ သူ့မိန်းမက ဘာမှမဖြစ်ဘူးလေ။ သူ့ယောက်ျားပဲသေတာ” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပစ်ခတ်ခံရသည့် ဒုတိယဗိုလ်မှူးကြီး မြင့်ဝေသည် စစ်ကောင်စီ၏ လေတပ်၊ လေကြောင်းလက် နက်ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူဖြစ်ပြီး လက်နက်ခဲယမ်းများ ဗုံးသီးများကို ထုတ်လုပ်ဆင်ရာတွင် အရေးပါအရာရောက်သူဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်၏ သတင်းမှား၊ သတင်းဖုံးဖိမှုနှင့် ပတ်သက်၍ “အဲဒီလိုက လုပ်နေကြ။ ရာထူးကြီးပိုင်းတွေ အသတ်ခံရပြီဆိုရင် မဖြစ်ခဲ့သလိုပဲ ဖုံးထားတာ။ နစ်နာတဲ့ မိသားစု ကလည်း ဘာမှမပြောရဲဘူး။ ခုဆိုလည်း သူ့မိန်းမက မထိဘဲ ထိပါတယ်ဆိုပြီး ပေါင်မှာပတ်တီးစည်းပြပြီး ယောက်ျားသေလို့တောင် မငိုရဘူး။ သရုပ်ဆောင်ပြရသေးတာ”ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ဓာတ်ပုံ – မင်္ဂလာဒုံလေတပ်စခန်းအား မြင်တွေ့ရစဥ်။
#ရန်ကုန် #မင်္ဂလာဒုံလေကြောင်း #လက်နက်ပြင်ဆင်ရေး #ဒုဗိုလ်မှူးကြီး #သေဆုံး #စစ်ကောင်စီ #သတင်းဖုံးဖိ #Ayeyarwaddy_Times