ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်

NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမယ့် အာဏာသိမ်းစစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အမေ ရိကန်နိုင်ငံက အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။

“NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမယ့် စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အ ပြင်းအထန် ရှုတ်ချပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံး မပါဝင်တဲ့ ဘယ်လို ရွေးကောက်ပွဲကမဆို မြန်မာ ပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုပါဘူး” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသစ်အရ ပြန်လည်မှတ်ပုံတင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒေါ်အောင်ဆန်းစု ကြည်ဉီးဆောင်တဲ့ NLD ပါတီကို ဖျက်သိမ်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က ကြေညာပြီးမှာ သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းမယ့် ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပါတဲလ်က မတ်လ ၂၉ ရက်မှာ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သင့်တော်သော သက်ဆိုင်သူတွေ မပါဝင်တဲ့ ဘယ်လို ရွေးကောက်ပွဲမျိုးကမဆို လွတ်လပ်ပြီး တရားမျှတ မှုရှိမယ်လို့ ယူဆလို့မရကြောင်း သူက ဆိုပါတယ်။

မြန်မာပြည်သူတွေနဲ့ အတိုက်အခံတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်နေတာကြောင့် စစ် ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ တစ်ဖက် တွန်းအားပေးမယ်ဆိုရင် မတည်ငြိမ်မှုတွေ တိုးလာမယ်လို့ ၎င်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်သော ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် လုပ်ဆောင်နေသူတွေရဲ့ ကြိုးပမ်းမှု တွေကို အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်လို့ သူက ပြောပါတယ်။

ကိုးကား – ANI
Ref; US condemns Myanmar junta’s decision to abolish 40 parties, including Suu Kyi’s