ဧရာဝတီတိုင်းမ်
ဧပြီလ ၁ ရက်
ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်တွန်းခဲ့ပြီး ထိုအစီအစဉ်က ရိုဟင်ဂျာတွေအတွက် အသက်အန္တရာယ်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံသို့ သွားရောက်ကာ ရိုဟင်ဂျာ ၄၈၀ နှင့် တွေ့ဆုံခဲ့ပြီးနောက် နယူးယောက်မြို့တော်အခြေစိုက် HRW က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ရှေ့ပြေးနေရပ်ပြန်လည်ပို့ဆောင်ရေး အစီအစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခိုင်းခဲ့တယ်လို့ HRW က ရိုဟင်ဂျာတွေကို ကိုးကားပြီး ပြောကြားပါတယ်။
“အာဏာသိမ်းစစ်ကောင်စီ မြန်မာနိုင်ငံတစ်ဝန်းနဲ့ ရခိုင်ပြည်နယ်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ဖို့ မဖြစ်နိုင်ဘူးလို့ HRW ရဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မီနက်ခ်ရှီဂန်ဂူလီက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ၈၃၀၀၀၀ ရဲ့ အချက်အလက်တွေကို ကောက်ခံကာ နေရပ်ပြန်ရေး အ တည်ပြုဖို့ စစ်ကောင်စီ အာဏာပိုင်တွေထံ ပေးပို့ခဲ့ပါတယ်။
ရှေ့ပြေးစီမံကိန်းအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ၁၁၄၀ ဉီးရဲ့ စာရင်းကို တင်ပြခဲ့ပေမယ့် စစ်ကောင် စီ အာဏာပိုင်တွေက ရိုဟင်ဂျာ ၇၁၁ ဉီးကို ကနဉီး လက်ခံဖို့ သဘောတူခဲ့ပါတယ်။
နှစ်နိုင်ငံကြား ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ရှေ့ပြေးစီမံကိန်းအတွက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ကို သတိထားမိခဲ့ပေမယ့် ဒီလုပ်ငန်းစဉ်မှာ မပါဝင်ဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းပြီး (UNHCR) က ပြောပါတယ်။
နေရပ်ပြန်ပို့ဆောင် အစီအစဉ်သစ်နဲ့ပတ်သက်လို့ စိတ်ရှုပ်ထွေးရတယ်လို့ ရိုဟင်ဂျာတွေကဆိုပြီး လက်ရှိ အခြေအနေမှာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။
ကိုးကား – La Prensa Latina
Ref; Bangladesh urged to halt Rohingya repatriation plan