ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

အာဏာသိမ်းစစ်ကောင်စီက NLD နဲ့ SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းတာနဲ့ပတ်သက် လို့ ကနေဒါနိုင်ငံက ထုတ်ပြန်ချက်တစ်ရပ်အတွင်း ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်က မြန်မာနိုင်ငံရှိ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေကို ထိခိုက်စေပြီး အတိုက်အခံ တွေရဲ့အသံတွေကို တိတ်ဆိတ်စေကာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန် လျှောက်လှမ်းဖို့ နှောင့်နှေးစေတယ်လို့ ကနေဒါနိုင်ငံက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီက မြန်မာပြည်သူတွေရဲ့ ဒီမို ကရေစီဆန္ဒတွေကို အာဏာသုံးပယ်ချခဲ့တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေနဲ့အညီ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာ ပြန်လျှောက်လှမ်းဖို့ ကနေဒါနိုင်ငံက ဆက်လက် တောင်းဆိုတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ အကြမ်းဖက်မှုနဲ့ အရပ်သား တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာ အဆုံးသတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့နဲ့ နိုင်ငံတ ကာဥပဒေကို လေးစားသမှုရှိဖို့ စစ်ကောင်စီကို ကနေဒါနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် သက်ဆိုင်သူတွေ တာဝန်ခံစေရေး၊ စစ်လက်နက်တွေ ရောင်းချ တာ လွှဲပြောင်းတာ ရပ်တန့်ရေးနဲ့ လူနည်းစု အသိုင်းအဝိုင်းတွေ အပါအဝင် မြန်မာပြည်သူတွေရဲ့ အရေးပေါ် လူ သားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ ကနေဒါနိုင်ငံက နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်း ဆိုလိုက်ပါတယ်။

ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ပေးထားတဲ့ ငြိမ်းချမ်းသော ဒီမိုကရေစီမြန်မာနိုင်ငံတော် ဖြစ် လာရေးအတွက် လုပ်ဆောင်နေသူတွေရဲ့ ကြိုးပမ်းမှုတွေက ကနေဒါနိုင်ငံက ထောက်ခံတယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။

ကိုးကား – https://www.canada.ca
Ref; Canada condemns dissolution of political parties by Myanmar regime

#Ayeyarwaddy_Timss