ဧရာဝတီတိုင်းမ်
မတ်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စစ်ကောင်စီ တပ်နဲ့ ရဲတွေကနေအိမ် ၅ လုံးကို မတ်လ၂၉ ရက်နေ့ တစ်ရက်တည်းမှာ လိုက်လံချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ရဲတွေဟာ စွပ်စွဲအမှုဖွင့်ထား တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများဖြစ်တဲ့ ဟင်္သာတမြို့ပေါ်ရပ်ကွက်တွေက အမျိုးသား ၄ ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ နေအိမ် စုစုပေါင်း(၅)လုံးကိုချိပ်ပိတ်ခဲ့ရပြီးလက်ရှိနေထိုင်နေတဲ့ မိသားစုဝင်တွေအားလုံးကို ဖယ်ရှားခိုင်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“PDF လို့ စွတ်စွဲထားတဲ့သူတွေရော အားပေးကူညီတယ်ဆိုပြီးလိုက်ဖမ်းနေလို့ တိမ်းရှောင်နေသူတွေရဲ့အိမ်တွေကို ချိတ်လိုက်ပိတ်တာ ဖမ်းမမိတာနဲ့ သူများနေအိမ်တွေကို ပြဿနာလိုက်ရှာနေတာသူတို့လုပ်နေကြပဲ လေ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လာရောက်ချိတ်ပိတ်တဲ့ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက အင်္ဂပူမြို့နယ်အတွင်းမှာရှိတဲ့ သူတို့ကိုဆန့်ကျင်တဲ့ နေအိမ်တွေကို ဆက်လက်ချိပ်ပိတ်ဦးမယ်လို့ ခြိမ်းခြောက်ပြောကြားသွားတယ်လို့ ဆိုပါတယ်။

ဟင်္သာတမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန်ကျင်ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့လို့ တိမ်းရှောင်နေရတဲ့ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီတယ်ဆိုပြီး စွပ်စွဲ ထားသူတွေရဲ့ နေအိမ် စုစုပေါင်း ၂၀ ကျော်ကိုစစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#ဟင်္သါတမြို့ #ဒေသခံနေအိမ်များ #ချိပ်ပိတ်ခံရ #Ayeyarwaddy_Times