နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၂၆ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ ဆားလင်းကြီးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် ဆေးခန်းမှာ စတုတ္တမြောက် ကိုယ်ဝန်ဆောင်မိခင်ကို ကလေးမွေးဖွားပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓါးမဆိုင်းတပ်မတော်က ဖွင့်လှစ်ထားတဲ့ အနိုင်းမဲ့ရင်ခွင်ဆေးခန်းမှာ စစ်ဘေးရှောင်မိခင်တစ်ဦးကို ဆေးခန်းရဲ့ စတုတ္ထအကြိမ်မြောက် ကလေးကို မွေးဖွားပေးနိုင်ခဲ့တာလို့ အနိုင်းမဲ့ရင်ခွင်ဆေးခန်းကနေ သိရပါတယ်။
“ စစ်ဘေးရှောင်နေရတဲ့ဒေသခံတွေနဲ့ တိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေတဲ့ဆေးခန်းပါ၊ အဲ့မှာပဲ ၄ ယောက်မြောက် စစ်ဘေးရှောင် ကလေးတစ်ဦးကို ထပ်မွေးပေးနိုင်ခဲ့ပါတယ်” ဓါးမဆိုင်းတပ်မတော်ရဲ့ ခေါင်းဆောင် စွမ်းသူမောင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောင်မှုတွေပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆေးခန်းကို ဆရာဝန် ၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၅ ဦးနဲ့ ဆေးတပ်သား ရဲမေတွေနဲ့ ပေါင်းစပ်ပြီး ဖွင့်ထားနိုင်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဆေးခန်းမှာပဲ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေပြီး ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း ကလေးမွေးပေးနေသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရရင်လည်း ကုသပေး နေရတယ်လို့ သိရပါတယ်။