ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
ဘီလာရုစ်နိုင်ငံမှာ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ ဘီလာရုစ်သမ္မတ အ လက်ဇန္ဒားလူကာရှန်ကိုနဲ့ သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ဘီလာရုစ်နိုင်ငံမှာ နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ကိစ္စကို လူကာရှန်ကိုက အကူအညီတောင်း ထားတာ ကြာမြင့်ပြီလို့ မနေ့ကထုတ်လွှင့်တဲ့ နိုင်ငံပိုင်မီဒီယာနဲ့ အင်တာဗျူးတစ်ခုမှာ ပူတင်က ပြောပါတယ်။
အမေရိကန်နိုင်ငံကလည်း မဟာမိတ် နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ နည်းဗျူဟာမြောက် နျူကလီးယား လက်နက်တွေ ဖြန့်ကြက်နေတယ်လို့ ပူတင်က ဆိုပါတယ်။
ရုရှားနဲ့ဘီလာရုစ်က နျူကလီးယားလက်နက်ဖြန့်ကြက်ရေးကို သဘောတူခဲ့ပြီး အခုလိုသဘောတူတာ နျူ ကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ နိုင်ငံတကာဥပဒေကို မချိုးဖောက်ဘူးလို့ သူက ဆိုပါတယ်။
အစ်ကန်ဒါ ဒုံးကျည်စနစ်တွေကို ဘီလာရုစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ဘီလာရုစ်လေတပ်မှ စစ်လေယာဉ် တွေကို နျူကလီးယားလက်နက်တွေ အသုံးပြုဖို့ အသုံးပြုဖွယ်ရှိတယ်လို့ ပူတင်က ပြောပါတယ်။
ဗြိတိန်က ယူကရိန်းသို့ သံချပ်ကာယာဉ်တွေ ထောက်ပံ့မယ့်အစီအစဉ်တွေကို ပူတင်က ရှုတ်ချခဲ့ပြီး ရုရှား နိုင်ငံက ယခုလုပ်ရပ်အတွက် တန်ပြန်သွားမယ်လို့ ဆိုပါတယ်။
တင့်ကားတွေ အပါအဝင် စစ်လက်နက်တွေ ထုတ်လုပ်မှုတိုးမြှင့်မယ့် ရုရှားနိုင်ငံရဲ့ အစီအစဉ်ကိုလည်း ပူ တင်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသစ်ထုတ်လုပ်မယ့် တင့်ကားတွေကြောင့် ရုရှားတပ်ဖွဲ့ကပိုင်ဆိုင်မယ့် တင့်ကားအရေအတွက်ဟာ ယူ ကရိန်းတပ်ဖွဲ့ထက် သုံးဆအထိ ရှိလာမယ်လို့ သူက ဆိုပါတယ်။
အနောက်နိုင်ငံတွေက ထောက်ပံ့ပေးမယ့် တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး အရှေ့ပိုင်း ဘာမွတ်ဒေသမှာ ပမာဏကြီးမားသော တင်ပြန်ထိုးစစ်တွေ လုပ်ဆောင်ဖို့ ယူကရိန်းတပ်ဖွဲ့တွေက စတင်တော့ မယ်လို့ သိရပါတယ်။
ကိုးကား – NHK
Ref; Putin agrees with Lukashenko to deploy tactical nuclear weapons in Belarus