ဧရာဝတီတိုင်းမ်
မတ်လ ၂၆ ရက်
အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရှိ အရပ်သားတွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုဒဏ်ကို ခံနေ ရတယ်လို့ ယူကရိန်းခေါင်းဆောင်တွေက ပြောပါတယ်။
ရှေ့တန်းစစ်မျက်နှာက အခြေအနေက ငြိမ်းချမ်းရေးနဲ့ လွတ်လပ်ရေးအတွက် အဆုံးအဖြတ်ပေးသောအ ဆင့် ဖြစ်လာခဲ့ပြီလို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကြောင့် ကော့စ်တီယန်ညစ်ဗာမြို့မှာ လူသုံးဉီး သေဆုံးခဲ့ တယ်လို့ ဒွန်ဘတ်စ်ဒေသ အာဏာပိုင်တွေက ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုတစ်ခုက လျှပ်စစ်၊ ရေနဲ့ အခြားအရာတွေ ထောက်ပံ့ဖို့တည်ဆောက်ထားတဲ့ အ ဆောက်အအုံတစ်လုံးကို ထိမှန်ခဲ့ပါတယ်။
ဒွန်ဘတ်စ်ဒေသ ဘာမွတ်မြို့တော်ရှိ ထောင်နဲ့ချီတဲ့ အရပ်သားတွေ အသက်ရှင်ဖို့ အခက်အခဲရှိတယ်လို့ ကြက်ခြေနီအသင်းက ပြောပါတယ်။
အခက်အခဲကြုံတွေ့နေရတဲ့ အရပ်သားတွေကို တတ်နိုင်သမျှ ကူညီပေးဖို့ သမ္မတ ဇီလန်စကီးက ယူက ရိန်းတပ်ဖွဲ့ကို ညွှန်ကြားခဲ့ပါတယ်။
“ကျွန်တော်တို့ တိုင်းပြည်ကို ကာကွယ်နိုင်ပြီး ယူကရိန်းပြည်သူတွေအတွက် ရေရှည်မှာ လုံခြုံရေး၊ လွတ် လပ်မှုနဲ့ ငြိမ်းချမ်းရေးရရှိအောင် မလုပ်ဆောင်နိုင်စရာမရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက ခေတ်မီလက်နက်စနစ်တွေ အသုံးပြုရေး ဉရောပမဟာမိတ်တွေနဲ့ လေ့ကျင့်နေ ပြီး တင့်ကားတွေ၊ ဂျက်တိုက်လေယာဉ်တွေနဲ့ ဒုံးကျည်တွေရရှိဖို့ စောင့်ဆိုင်းနေပါတယ်။
စစ်ဘက်ဝန်ထမ်းတွေက စစ်ပွဲအတွက် ပြင်ဆင်နေတယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယအကြီးအကဲ ဒီမီထရီမတ်ဗီဒက်ဗ်က ပြောပါတယ်။
ကိုးကား – NHK
Ref; Zelenskyy: fighting at ‘decisive stage’