ဧရာဝတီတိုင်းမ်
မတ်လ ၂၅ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ မီတာခ ပေးဆောင်ရန် ကြွေးကျန်ရှိတဲ့နေအိမ်များအား စစ်ကောင်စီလက်အောက်ခံ မီတာရုံးဝန်ထမ်းများကမတ်လတတိယပါတ်အတွင်း မီတာပုံးများ လိုက်ဖြုတ်နေ​တယ်လို့ ပုသိမ် မြို့ခံတွေက ပြောပါတယ်။

မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဌာနက ဝန်ထမ်းအမျိုးသမီးတွေပါဝင်ပြီး စကားပြော ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုကာ မီတာတွေလိုက်ဖြုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“လိုက်ဖြုတ်တာက EPC ကဝန်ထမ်းတွေပါ စာရေးမတွေလည်းပါတယ်။ စကားပြောတာအရမ်းရိုင်းတယ် ကျန်ငွေရော ဒဏ်ငွေရော သူတို့ကိုတစ်ခါထဲပေးရမယ်ဆိုပြီးပြောတယ်။ မီတာခ ကြွေးကျန်တွေရှိတဲ့အိမ်တွေကို မီတာပုံးတွေ အပြီးဖြုတ်သိမ်းပါတယ်။ မနေ့ကလည်းအမှတ် ၂ ရပ်ကွက်မှာ မီတာမဆောင်တဲ့အိမ်တွေကို မီတာပုံးတွေ ဖြုတ်သိမ်းသွားတယ်” လို့ မြို့ခံ အမျိုးသမီးတစ်ဦးကဧရာ၀တီတိုင်းမ်းကိုပြောပါတယ်။

ယခင်က မီတာကြွေးကျန်များအား အရစ်ကျခွဲ၍ ဆောင်ခွင့်ပြုထားရာမှ ကြွေးကျန်မှန်သမျှအား ၂၀၂၃ မတ်လကုန်တွင် အပြီးပေးဆောင်ရမယ်လို့ပြောကြားခဲ့ပြီး တစ်လတစ်ခါမဆောင်ပါကအရေးယူမယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၃ရက်က ပုသိမ်မြို့၊ အမှတ် ၆ ရပ်ကွက်က နေအိမ် ၂၀ လုံးကို စစ်ကောင်စီလက်အောက်ခံ EPC ရုံးဝန်ထမ်းများက မီတာများ ဖြုတ်သိမ်းခဲ့ပြီး အခြားရပ်ကွက်နဲ့ ကျေးရွာတွေမှာလည်းလိုက်လံဖြုတ်သိမ်းနေတယ်လို့ မြို့ခံများက​ပြောပါတယ်။

ပုသိမ်မြို့မှာစစ်ကောင်စီကဝင်ငွေရလမ်း နည်းပါးလာချိန်မှာ မီတာခများအား ဖိအားပေးကောက်ခံမှုများ ဆက်တိုက်ပြုလုပ်လာနေခြင်း ဖြစ်ပြီး၊ လျှပ်စစ်မီးကို အချိန်ဇယားဖြင့်သာ ဖြန့်ဝေနေသော်လည်း ပေးဆောင်ရသည့် မီတာခမှာ ယခင်ကထက်လျှော့နည်းခြင်းမရှိပဲ၊ မီတာဖြုတ်သိမ်းမှုများအပြင် မီတာရုံးဝန်ထမ်းများကမီတာပြန်တပ်ရေးအတွက်ငွေကြေးရယူ လာဘ်စားမှုများဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

#ပုသိမ်မြို့ #မီတာဖြုတ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…