ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ မတ်လ ၁၈ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက အမျိုးသားတစ်ဦး ကို ယမန်နေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

ယမန်နေ့ နံနက်ပိုင်းတွင် ရငဲရွာမှ ဆိုင်ကယ် ဖြင့်မောင်းနှင်လာသည့် ကိုဝင်းထိုက် အသက် (၃၀)ကျော်အရွယ်ကို ပဲဒတ်ရွာမှ စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

“သူ့ ကို စစ်ကောင်စီတပ်က ပဲဒတ်ရွာ မှာဖမ်းဆီးလိုက်တယ်။ ပြီးတော့ ပဲဝကမ်းခြေကို ခေါ် သွားပြီး လူမဆန်စွာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့တယ်”လို့ ရငဲရွာ မှ အမျိုးသားတစ်ဦး က ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ထိုသို့ စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ ကိုဝင်းထိုက်ဟာ ပန်းအရောင်းဝယ် ပြုလုပ်ကာ စီးပွားရှာနေတဲ့ သာမန်အရပ်သား တစ်ဦးဖြစ်ပြီး ဘာကြောင့် ယခုလို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတာကိုတော့ မသိရသေးဘူး လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်းရငဲကျေးရွာက အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ဖမ်းဆီးရိုက်နှက်ကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ ပါသေးတယ်။

ဓာတ်ပုံ၊စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ရငဲရွာသား သေဆုံးသူ ကိုဝင်းထိုက်

#တနင်္သာရီတိုင်း #သရက်ချောင်းမြို့နယ် #ရငဲကျေးရွာသား #စစ်ကောင်စီတပ် #ဖမ်းဆီးသတ်ဖြတ် #Ayeyarwaddy_Times