ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုအတွက် ရုရှား သမ္မတ ဗလာဒီမာပူတင်အတွက် ဖမ်းဆီးဝရမ်းတစ်ခု ထုတ်လိုက်တယ်လို့ သိရပါတယ်။

သမ္မတ ဗလာဒီမာပူတင်ဟာ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိပြီး ယူကရိန်းမှ ရုရှားသို့ ကလေးငယ် တွေ တရားမဝင် နှင်ထုတ်ခဲ့တယ်လို့ ICC က ပြောပါတယ်။

ရုရှားက တင်းပြည့်ကျူးကျော်စစ် စတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှစပြီး ယူကရိန်းနိုင်ငံမှာ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလို့ ICC က ဆိုပါတယ်။ ရုရှားနိုင်ငံက စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး လက်ခံနိုင် ဖွယ်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ICC က သံသယရှိသူတွေကို ဖမ်းဆီးနိုင်တဲ့ အခွင့်အာဏာမရှိဘဲ အဖွဲ့ဝင်နိုင်ငံတွေအတွင်းမှာသာ တရားစီ ရင်ပိုင်ခွင့်ရှိပြီး ရုရှားက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။

သို့သော်လည်း ICC ရဲ့ ဖမ်းဆီးဝရမ်းက အခြားနည်းလမ်းတွေနဲ့ သမ္မတ ပူတင်ကို သက်ရောက်မှုရှိစေနိုင် ပြီး နိုင်ငံတကာသို့ ခရီးသွားလာနိုင်မှာ မဟုတ်ပါဘူး။

သမ္မတ ပူတင်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး အခြားသူတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့သလို ကလေး တွေကို ပြည်နှင်ဒဏ်မပေးအောင် သမ္မတရဲ့အခွင့်အာဏာကို အသုံးမပြုဖို့ ပျက်ကွက်ခဲ့တယ်လို့ ICC က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောပါတယ်။

“အမေရိကန်နိုင်ငံက ICC အဖွဲ့ဝင် မဟုတ်ပေမယ့် ဖမ်းဆီးဝရမ်းထုတ်တာ အလွန်ပြင်းထန်တဲ့ အချက် တစ်ချက်ဖြစ်ပြီး ပူတင်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပါတယ်” လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါ တယ်။

ရုရှား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မာရီယာလာဗာဘီလိုဗာကို အလားတူ ရာဇဝတ် မှုတွေ ကျူးလွန်မှုအတွက် ICC က ဖမ်းဆီးဝရမ်း ထုတ်လိုက်ပါတယ်။

ကနဉီးမှာ ဖမ်းဆီးဝရမ်းတွေကို လျို့ဝှက်ထားဖို့ စဉ်းစားခဲ့ပေမယ့် ရာဇဝတ်မှုတွေ ထပ်မံကျူးလွန်မှုမဖြစ် အောင် လူသိရှင်ကြား ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ICC က ပြောပါတယ်။

ကိုးကား – BBC
Ref; Putin arrest warrant issued over war crime allegations