ဧရာဝတီတိုင်းမ်
မတ်လ ၁၈ ရက်
စစ်မြေပြင်မှာ အမြောက်ကျည်ဆံတွေ အသည်းအသန် လိုအပ်နေတာကြောင့် ရုရှားနိုင်ငံက မြန်မာ၊ အာ ဖရိကနဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေကနေ ခဲယမ်းမီးကျောက်တွေ၊ စစ်လက်နက်ကိရိယာတွေ ဝယ်ယူဖို့ ကြိုး ပမ်းနေတယ်လို့ ယူကရိန်းထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗာဒီဆကီဘက်စကီးက မတ်လ ၁၆ ရက်မှာ နိုင်ငံပိုင်ရုပ်သံဌာနသို့ ပြောကြားခဲ့ပါတယ်။
“ခဲယမ်းမီးကျောက်တွေ၊ ဒုံးကျည်တွေ၊ အခြားစစ်လက်နက်ကိရိယာတွေနဲ့ လက်နက်တွေရရှိဖို့ ရုရှား အာ ဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြနေတဲ့ အထောက်အထားတွေ စစ်ထောက် လှမ်းရေးမှာရှိပါတယ်” လို့ သူက ဆိုပါတယ်။ “ရုရှားနိုင်ငံဟာ ခဲယမ်းမီးကျောက် ပြတ်လပ်မှု စတင်ကြုံတွေ့နေရပြီ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ရုရှားနိုင်ငံက အီရန်နဲ့ အထူး ပူးပေါင်းဆောင်ရွက်နေပြီး ခဲယမ်းမီးကျောက်တွေ၊ ဒရုန်းတွေ လက်ခံရရှိခဲ့ ကာ ပဲ့ထိန်းဒုံးကျည်တွေရရှိဖို့ မျှော်လင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အပြန်အလှန်အားဖြင့် အီရန်နိုင်ငံက ရုရှားထံမှ နျူကလီးယားစွမ်းအင်နည်းပညာနဲ့ ခေတ်မီ ဒုံးကျည်နည်း ပညာရရှိလိုတယ်လို့ ယူကရိန်းထောက်လှမ်းရေက ဆိုပါတယ်။
“မြန်မာ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းတိုင်းပြည်တွေနဲ့ စစ်လက်နက်တွေဝယ်ယူဖို့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်” ဗာဒီဆကီဘက်စကီးက ဖြည့်စွက်ပြောပါတယ်။
ခဲယမ်းမီးကျောက်နဲ့ စစ်လက်နက်တွေရရှိဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ပထောက်လှမ်းရေးဌာနနဲ့ အ ခြားအဖွဲ့အစည်းတွေမှ ကိုယ်စားလှယ်အဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်” လို့ သူက ထောက်ပြပါတယ်။
ရုရှားက ဆက်သွယ်ခဲ့တဲ့တိုင်းပြည်တွေက ယူကရိန်းစစ်ပွဲရဲ့ရလဒ်တွေကို စောင့်ကြည့်ပြီး ရုရှားသို့ ခဲယမ်း မီးကျောက်တွေ ထောက်ပံ့ဖို့ ဆုံးဖြတ်ချက်တစ်ရပ် မချမှတ်ရသေးဘူးလို့ သူက ဆိုပါတယ်။
ကိုးကား – The New Voice of Ukraine
Ref; Russia scouring Myanmar, Africa, Middle East for ammo, Ukrainian intelligence says