ဧရာဝတီတိုင်းမ်
(မြိုင်)၊ မတ်လ ၁၈ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ well2 ရေနံမြေစခန်းအား ယမန်နေ့မတ်လ ၁၇ ရက် နံနက် ၆ နာရီအချိန်မှစတင်၍ ကျောက်လုံးကြီး KLG တပ်မဟာနှင့်ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အင်းအား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီလက်အောက်ခံ ဝဲလ်တူးရေနံမြေစခန်းအား နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိတိုက်ခိုက်ခဲ့ကြပြီး စခန်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံတပ်သားနှင့် ပျူစောထီး ၇ ဦးနှင့်အထက် သေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
“မြိုင်က စခန်းက စစ်သားအင်အား ၅၀ ဝန်းကျင်ဘဲရှိတယ်။ Mi-35 က ဒုတိယအကြိမ်စစ်ကူလာပစ်တဲ့အချိန်မှာ ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့သိရတယ်။ အဖွဲ့တွေအများကြီးစုပေါင်းတိုက်ကြတာဆိုဝော့ာ ဘယ်အဖွဲ့ကလဲဝော့ာမသိရသေးဘူး။” ဟု KLG PDFတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲအတွင်းရေနံမြေစခန်းအား စခန်းသိမ်းနိုင်တော့မည့်အခြေအနေတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)မှ Mi-35 ရဟာတ်ယာဉ်ဖြင့် ၃ ကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိသည်။၇
အဆိုပါတိုက်ခိုက်မှုအား ကျားသစ်နက်တပ်မတော်ဦးဆောင်မှုနှင့်အတူ ကျောက်လုံးကြီး KLG PDF၊ ပုလဲမြို့နယ်မှ တော်လှန်ရေးညီအစ်ကိုများ၊ ပေါက်မြို့နယ်မှ တော်လှန်ရေးညီအစ်ကိုများ၊ မြိုင်မြို့နယ်မှဝော်လှန်ရေးညီအစ်ကိုများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
#မြိုင် #KLG #well2ရေနံမြေ #တိုက်ပွဲ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။