ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၁၇ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊
ကံပေါက်ဒေသက ဇာဒီကျေးရွာကို စစ်ကောင်စီတပ်က ပီဒီအက်ဖ်ကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့
ဆန်သယ်ယူခွင့် ပိတ်ပင် လိုက်တယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

မတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က ကံပေါက်မှာ ဇာဒီရွာသို့ ဆန်လာ ပို့တဲ့ ကုန်ကား တစ်စီးကို စစ်ကောင်စီတပ်က ဖမ်းဆီး လိုက်တယ်လို့ ဒေသခံအချို့ကပြောပါတယ်။

“မနေ့က ဆန်တင်လာတဲ့ ကုန်ကားတစ်စီး ဇာဒီ ရွာ နဲ့ ခေါင်ပြန် ရွာကို ဆန်လာပို့တာ။စစ်တပ်က ရွာထိပ်မှာဖမ်းလိုက်တယ်။ပြီးတော့ စစ်တပ်က အဲဒီဆန်ကားမှာ ဆန် ၁၀ အိတ်တောင်းတယ်။ကားသမားက အဲလောက်ထိမပေးနိုင်ဘူးပြောတော့ ဒါဆိုရင် ၅ အိတ်ပေးလို့ပြောတယ်။အဲလောက်လည်း မတက်နိုင်ဘူး ပြောတော့ ဒါဆိုရင် အဲဒီဆန်တွေကို မချနဲ့ လို့ ပြောပြီး ဖမ်းထားလိုက်တယ်”လို့ ဇာဒီရွာက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ထို့နောက် ဖမ်းဆီးထားတဲ့ ဆန်ကားကို ပြန်လွှတ်ပေးရန်အတွက် ဇာဒီ ရွာက လူကြီးတွေ ဝိုင်းဝန်းတောင်းပန် ပြောဆိုပြီးနောက် ညနေ ၆ နာရီတွင် ငွေ ၅ သောင်း တောင်းယူပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ဇာဒီကျေးရွာ ကို စစ်ကောင်စီတပ်က ကား ၁၀ စီး အင်အား ၁၅ဝ ဝန်း ကျင်ခန့် ရောက် ရှိနေကြပြီး အနီးနားက ရွာတွေဖြစ်တဲ့ ခေါင်ပြန်ရွာ၊ ဒိုက်တဂေါ်ရွာ၊ ဘဝါရွာ၊ ထွက်ဝရွာစသည့် ရွာများဖက်သို့ စစ်ကြောင်းထိုးတောနင်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကပြော​ပါတယ်။

အခုလို စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေ တင်းကြပ်စွာ ပြုလုပ်လာတာကြောင့် စိုးရိမ်ထိတ်လန့်ပြီး ဒေသခံတချို့လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်တာတွေပြုလုပ်လာတယ်လို့ ဆိုပါတယ်။

#ရေဖြူ #ကံပေါက် #စစ်ကောင်စီတပ် #ရိက္ခာဖြတ်တောက် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…