ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
ဧရာ၀တီတိုင်းက မြို့နယ် ၂ ခုမှာ စစ်ကောင်စီတပ်ဖွဲ့တွေကအမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ FOEIM online (Free Online Educational Institution Myanmar) ကျောင်းထားလို့ဆိုပြီးစစ်ကျောင်းသား မိဘနှစ်ဦးကို တစ်ပါတ်အတွင်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာသက်ဆိုင်ရာနယ်မြေရဲစခန်းတွေကနေစွပ်စွဲဖမ်းဆီးခံရတဲ့ အမျိုးသမီး၂ဦးကို စစ်ကောင်စီတပ်က ပုဒ်မ ၅၂ (က)နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
“မြို့နယ်တိုင်းကို NUGကျောင်းအပ်တဲ့ ကျောင်းသား မိဘတွေ စာရင်းကို မြို့နယ်ရဲစခန်းတွေကို ပို့ပေးတာ တစ်ချို့က ရှောင်နေကြတယ် နယ်ထိန်းတွေက အိမ်မှာရှိနေတယ်ဆိုတဲ့လူတွေ ၀င်ဖမ်းနေတာ တစ်ချို့ကြတော့လဲ ငွေပေးပြီးအမှုပိတ်လိုက်တာတွေရှိတယ်” လို့ ဧရာ၀တီတိုင်း စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
FOEIM online (Free Online Educational Institution Myanmar) ကျောင်းထားဖို့စာရင်းမှာပါတယ်ဆိုပြီး မတ်လ ၁၂ ရက်နေ့က မြန်အောင်မြို့နယ်က ဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးနဲ့မတ်လ ၁၄ ရက်နေ့မှာ ဓနုဖြူမြို့နယ်က တိုင်းရင်းဆေးလုပ်ငန်းလုပ်ကိုင်တဲ့ အမျိုးသမီး တစ်ဦးတို့
ကို ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ FOEIM online (Free Online Educational Institution Myanmar) ကျောင်းဟာ ငွေကြေးပြသနာများဖြစ်ပေါ်ပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့က စတင်ကာ ကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးအခြေအန အကြောင်း ပြကာ တရားဝင်ပိတ်သိမ်းခဲ့တဲ့ စာသင်ကျောင်းလည်း ဖြစ်ပါတယ်။
#ဧရာဝတီတိုင်း #NUG #စာသင်ကျောင်းအပ် #မိဘနှစ်ဦးဖမ်းဆီးခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…