ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရာမှာ မြန်မာစစ်အာဏာရှင်တွေကို တွန်းအားပေးဖို့ အင်ဒိုနီးရှးား၊ အခြားအာရှတိုင်းပြည်တွေအပြင် ကုလသမဂ္ဂလိုမျိုး မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်မယ်လို့ စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အလည်အပတ်ရောက်ရှိနေတဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံပြီးနောက် လီရှန်လွန်းက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆုံးသတ်စေခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေ၊ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီ ယံဉီးဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာကို ခေါင်းဆောင်တွေက နောင်တရခဲ့ တယ်လို့ သူက ဆိုပါတယ်။
“အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပြည့်အဝ ဖော်ဆောင်ရေး တွန်းအားပေးရာမှာ စင်ကာပူက အင် ဒိုနီးရှား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် ကုလသမဂ္ဂလိုမျိုး မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်ပြု လုပ်မှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိမှာ အဖွဲ့ဝင် ၁၀ နိုင်ငံပါ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျဥက္ကဌဖြစ်ပြီး မြန်မာ့ အရေးနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
စင်ကာပူနဲ့ အင်ဒိုနီးရှားက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖော်ဆောင်ရေးအတွက် အတူတကွ လက်တွဲ ဆောင်ရွက်မယ်လို့ ခေါင်းဆောင်နှစ်ဉီးက ကြေညာခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Singapore to work with Indonesia, Asean, UN to push Myanmar peace plan–PM