ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ မတ်လ ၁၆ ရက်

ကျောက်ထုမြို့၊ အမြောက်တပ်ထဲသို့ ဝင်ရောက်နေသော စစ်ကောင်စီယာဥ်တန်း ၈၀ ကျော်ထဲမှ ယာဥ်အစီးရေ ၃၅ စီးသည် ယနေ့၊ မတ်လ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မင်းတပ်မြို့သို့ စတင်ထွက်ခွာလာပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

ကျောက်ထုအမြောက်တပ်ကနေ မင်းတပ်မြို့ကို စစ်အင်အားဖြည့်တင်ဖို့အတွက်လာရောက်ခြင်းဖြစ်ပြီး ယာဥ်တန်းတွင် ၅ စီးမှာ အမိုးဖွင့် ထားပြီး ကျန် အစီး ၃၀ မှာ အမိုးအုပ်ထားပြီး ဆယ်ဘီးကးများလည်း ပါဝင်သည်ဟု ဒေသခံများမှပြောသည်။

“ကျောက်ထုအမြောက်တပ်မှ စစ်ကား ၃၅ စီးမင်းတပ်ကို ဦးတည်ပြီးစထွက်လာပါပြီ။ ၅ စီးအမိုးမပါဘူး။ ကျန်တဲ့ ယာဥ်တွေကတော့ အမိုးတွေအုပ်ထားပါတယ်။ ဆယ်ဘီးကားတွေလည်းပါတယ်လို့သိရတယ်။ ထပ်ထွက်လာမလားဆိုတာ စောင့်ကြည့်နေဆဲပါ။ အခုရေရှင်ရွာဇရပ်နားမှာ ရောက်နေကြပြီ´´ဟု ဒေသခံတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။

မင်းတပ်မြို့သို့လာသည့် စစ်ကောင်စီယာဥ်တန်း အစီး ၃၅ စီးရောက်ရှိဖို့အတွက် လမ်းခရီးလုံခြုံရေးအကြောင်းပြပြီး မင်းတပ်မြို့၊ အခြေစိုက် ၂၇၄ တပ်ရင်းက လက်နက်ကြီးများလည်း ပစ်ကူပေးနေသည်ဟုဆိုသည်။

အဆိုပါလက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်တစ်ချို့ပျက်စီးသွားကြောင်းမင်းတပ်မြို့၊ ဒေသခံများထံမှ သိရသည်။

Photo- HKL

#ကျောက်ထုမြို့ #စစ်ကောင်စီယာဥ်တန်း #မင်းတပ်မြို့ဘက်သို့ #စတင်ထွက်ခွာလာ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…