ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင် မော်လိုက်မြို့နယ်မှာ မတ်လ ၁၄
ရက်နေ့က ပျူစောထီးဘောလုံးပြိုင်ပွဲမှာ အချင်းချင်း စကားများရန်ဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲဲ့တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
အဆိုပါ ဘောလုံးပွဲဟာ ရားပင်ရွာက ပျူစောထီးနဲ့ ကင်းတပ်ရွာက ပျူစောထီးတို့ ချိန်းကန်တဲ့ ဘောလုံးပွဲဖြစ်ပီး ရှုံးတဲ့အသင်းဖြစ်တဲ့ ကင်းတပ်ရွာပျူစောထီးတွေက သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ ဘောပွဲလာကြည့်တဲ့ အမျိုးသမီး ၁ ဦးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ပျူစောထီးတွေချိန်းကန်တဲ့ ဘောပွဲပါ၊ အားလုံးကလဲသောက်စားထားပြီး မူးရူးပီးကန်ကြတာ။ ဂိုးရတယ် ဂိုးမရဘူးနဲ့
အချင်းချင်းအငြင်းပွားကြပြီး စစ်တပ်ကထုတ်ပေးထားတဲ့သေနတ်နဲ့ ရမ်းသမ်းပစ်ကြတာ၊ ဘောလုံးပွဲလာကြည့်တဲ့ ကောင်မလေးတစ်ဦး သေနတ်မှန်ပီးသေသွားတယ်။ သေနတ်တွေ
လည်း စစ်တပ်ကသိမ်းသွားတယ်” လို့ မော်လိုက် ဒေသခံအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ပျူစောထီးတွေ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီကထုတ်ပေးထားတဲ့ သေနတ်တွေအားလုံးကို မော်လိုက် G1 က ပြန်လည်သိမ်းဆည်းသွားပြီး ပျူစောထီးအချို့ကိုလည်း ဖမ်းဆီးသွားတယ် လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် သေနတ်နဲ့ပစ်ခတ်ခံရတဲ့အမျိုးသမီးဟာ ယမန်နေ့ မနက်ပိုင်းမှာဘဲ မော်လိုက်မြို့ဆေးရုံမှာ သေဆုံးသွားပြီး ညနေပိုင်းမှာ ၎င်းရဲ့ရုပ်အလောင်းကို မီးသင်္ဂြိုဟ်လိုက်တယ်တို့ ဒေသခံတွေက ပြောပါတယ်။
#မော်လိုက်မြို့ #ပျူစောထီးဘောလုံးပြိုင်ပွဲမှာ
#စစ်တပ်ကထုတ်ပေးထားတဲ့သေနတ်နဲ့ပစ်ခတ်
#အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံး
#Ayeyarwaddy_Times
………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။