ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေနဲ့ အင်ဒိုနီးရှားနိုင်ငံက ကန့်လန့်ကာနောက် ကွယ်မှာ မြန်မာနိုင်ငံက အဖွဲ့အစည်းအသီးသီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် မြန်မာ့အရေးဖြေရှင်းဖို့ အချိန် ကြာမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။
အင်အားကြီးတိုင်းပြည်တွေကြား ပထဝီနိုင်ငံရေး တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ငြိမ်းချမ်းသော ဒေသ တစ်ခုဖြစ်ဖို့နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် ကြားခံတစ်ခု မဖြစ်အောင် အာဆီယံအဖွဲ့က ဆက်လက် ကြိုး ပမ်းမယ်လို့ The Straits Times သတင်းစာနဲ့ အင်တာဗျူးတစ်ခုအတွင်း ဂျိုကိုဝီက ပြောပါတယ်။
မြန်မာ့အရေးဟာ ရှုပ်ထွေးပြီး ဖြေရှင်းဖို့ အချိန်ကြာမြင့်မှာဖြစ်ပေမယ့် ဒီနှစ် အာဆီယံဥက္ကဌအနေနဲ့ မြန် မာနိုင်ငံရဲ့ အခြေအနေ တိုးတက်လာဖို့ အစွမ်းကုန် ကြိုးပမ်းမယ်လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံနဲ့ အာဆီယံအဖွဲ့အတွက် ဉီးစားပေးလုပ်ငန်းမှာ မြန်မာနိုင်ငံ သဘောတူခဲ့တဲ့ ငြိမ်းချမ်း ရေးအစီအစဉ် ဖော်ဆောင်ရေးဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ် ချကာ အာဏာသိမ်းယူပြီးနောက် အာဆီယံအဖွဲ့က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့ပါတယ်။
ထောင်ချီတဲ့ပြည်သူတွေ သတ်ဖြတ်ခံရမှုနဲ့အတူ အာဏာသိမ်းမှုနောက်ပိုင်း ကစဉ့်ကလျားအခြေအနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေဖို့ရည်ရွယ်တဲ့ အာဆီယံ ဘုံသဘော တူညီချက်ကို စစ်ကောင်စီက ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိခဲ့ပါဘူး။
“မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ ကန့်လန့်ကာနောက်ကွယ်မှာ မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်” လို့ ဂျိုကိုဝီက ဆိုပါ တယ်။
ကိုးကား – The Straits Times
Ref; Indonesia in talks with Myanmar, says Jokowi as he stresses Asean’s focus on a peaceful region