ဦးမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ မတ်လ ၁၆ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်က သတင်းပေးတွေနဲ့ တပ်ထောက်ခံသူတွေကို ရွေးချယ်ပြီး လက်ပတ်ပြာပတ်ပေးကာ တုတ်ထုတ်ပေးပြီး ပြည်သူတွေကို ဧည့်စာရင်းစစ်တာတွေမှာပြန်လည် အသုံးပြု နေတယ်လို့ သိရပါတယ်။

သတင်းပေးတွေနဲ့ တပ်ထောက်ခံသူတွေကို လက်ပတ်ပြာပတ်ပေးကာ ကော်ပိုက်ထုတ်ပေးပြီး ဧည့်စာရင်း စစ်ရာတွေမှာအသုံးပြုနေပြီး စစ်ကောင်စီတပ်က ပြည်သူ့လုံခြုံရေးအဖွဲ့အဖြစ် နာမည်ပေးထားတဲ့အဖွဲ့က ပြည်သူ့တွေကို အာဏာပြတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ခုက လက်ပတ်အပြာတွေနဲ့သောင်းကြမ်းနေတာ၊ စစ်ကောင်စီကမွေးထားတဲ့ သတင်းပေးတွေနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊ တပ်ထောက်ခံသူတွေနဲ့ ဖွဲ့ထားတာ၊ ရက်ကွက် တစ်ခုကို ၁၀ ယောက်နဲ့ဖွဲ့ထားတာ”လို့ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်အစိုးရခေတ်က ခိုး၊ ဆိုး၊ လု၊ နိုက်တွေနဲ့ လူမိုက်တွေကို လက်ပတ်နီတွေ ပတ်ပေးပြီး ပြည်သူတွေကို ရိုက်နှက် ခိုင်းခဲ့သလိုမျိုး စစ်ကောင်စီက လက်ပတ်ပြာတွေမွေးထုတ်ပြီး ပြည်သူတွေကို အချင်းချင်းပြန်ရိုက်ခိုင်း တာမျိုးတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ဟု ဆိုကာ မြို့နယ်တိုင်းမှာ ဖွဲ့စည်းထားတာဖြစ်ပြီး မြို့နယ်တိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို တုတ်နဲ့ ရဲတွေကိုင်တဲ့ နံပါတ်ထုတ်တွေ ထုတ်ပေးကာ လက်မောင်းမှာ အပြာရောင်နဲ့ တာဝန်စာတမ်းပါ လက်ပတ်ကို တပ်ဆင်ပေးထားတာဖြစ်တယ်လို့ ဧရာဝတီတိုင်းမ်အနေနဲ့ စုံစမ်းသိရှိရပါတယ်။

#မအူပင် #လက်ပတ်ပြာ #ပြည်သူ့လုံခြံရေးအဖွဲ့ #စစ်ကောင်စီ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…