ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်
ငလျင်ဘေးသင့် တူရကီနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ် လို့ လူ ၁၄ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မနေ့ တူရကီနိုင်ငံတောင်ပိုင်း အဒီရာမန်နဲ့ ဆန်လီဖာပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တာ ပါ။ ရေဘေးကြောင့် လူ ၁၄ ဉီး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူငါးဉီးကို ရှာဖွေနေတယ်လို့ ဒေသန္တရ အာဏာပိုင် တွေက ပြောပါတယ်။
ယာယီနေစရာအဖြစ် အသုံးပြုတဲ့ ကွန်တိန်နာတစ်လုံး ရေစီးကြောင့် မျောပါသွားခဲ့သလို ကားတွေ ရေစီး နဲ့ မျောပါသွားတာ၊ ရေနစ်နေသူတွေကို ကယ်ဆယ်နေပုံတွေက ဒေသတွင်း ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ အင်အားပြင်း မြေငလျင်တစ်ခုနဲ့ နောက်ဆက်တွဲ မြေငလျင်ငယ်တွေ လှုပ်ခတ်ခဲ့ရာ တူရကီနိုင်ငံမှာ လူပေါင်း ၄၈၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
နေအိမ်ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေအတွက် တစ်နှစ်အတွင်း ပြည်သူပိုင်အိမ်ယာခန်း ၃၂၀၀၀၀ ခန့် တည် ဆောက်ဖို့ တူရကီအစိုးရက စီစဉ်နေပါတယ်။ မြေငလျင်ဘေးသင့်ပြည်သူ ၁ ဒသမ ၅ သန်းခန့်ဟာ ယာယီတဲအိမ် တွေမှာ နေထိုင်နေရဆဲဖြစ်ပါတယ်။
ယနေ့ တူရကီနိုင်ငံတောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနမှ တာဝန်ရှိသူ တွေက ပြောပါတယ်။ ရေကြီးမှု၊ အခြား သဘာဝဘေးအန္တရာယ်တွေအတွက် သတိဝီရိယထားကြဖို့ ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ အာဏာပိုင်တွေက ဒေသခံတွေကို တောင်းဆိုနေပါတယ်။
ကိုးကား – NHK
Ref; Floods in quake-hit southern Turkey kill at least 14