ဧရာဝတီတိုင်းမ်
မတ်လ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကလေးဝကြားက ပင်းဘေး၊ ဂဗျက် ရွှေမျှောဖောင် အစီး ၄၀၀ ကျော်ကို မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ ချင်းတွင်းမြစ်အတွင်း မင်းကင်းနဲ့ ကလေးဝကြားက ရွှေမျှောဖောင် အစီး ၄၀၀ ကျော်ဟာ တစ်စီးကို သိန်း(၁၀၀)စစ်ကောင်စီကို ဆပ်ကြေးပေးနေရပြီး ရွှေမျှောဖောင်လုပ်ငန်းကို လုပ်ကိုင်နေကြရတာ လို့ ဒေသခံတွေက ဆိုပါတယ်။

“PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စစ်တပ်နဲ့ပျူစောထီးအင်အားတစ်ရာကျော်လောက်က အတင်းဝင်ပြီး မီးရှို့ဖျက်ဆီးကြတာ။ ရွှေမျောလုပ်တဲ့သူတွေကလည်း အသက်လု ထွက်ပြေးကြတော့ မျှော်ပေါ်ပါလာတဲ့ ငွေ ရွှေတွေကိုလည်း စစ်တပ်နဲ့ပျူတွေကယူသွားကြတယ်။ သူတို့ကို ထွက်ကြည့်တဲ့ ပြည်သူတွေကိုလည်း သေနတ်နဲ့ပစ်ခဲ့တယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ရွှေမျောလုပ်ကိုင်သူ အချို့ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားပြီးအရေအတွက်ကို မသိရသေးဘဲ လက်ရှိအချိန်အထိအဆက်အသွယ်ပြတ်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။

ချင်းတွင်းမြစ်အတွင်း မင်းကင်းနဲ့ ကလေးဝကြားမှာ ရွှေမျှောလုပ်ကိုင်နေတဲ့ ရွှေမျှောဖောင် ၈၀၀ ကျော်အနက် လက်ရှိမှာ ရွှေမျှောဖောင် ၃၀ဝ ဝန်းကျင်သာကျန်ရှိတော့တယ် လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကလည်း ချင်းတွင်းမြစ်အတွင်းမှာ သွားလာနေတဲ့ ဒေသခံတွေရဲ့ မော်တော်ယာဥ်တွေပေါ်က ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်ပျူစောထီးနဲ့ ရှမ်းနီတပ်တွေကအဓမ္မ သိမ်းယူခဲ့ပါသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ-ပုံဟောင်းများပြန်လည်အသုံးပြုထားသည်။
………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…