ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၁၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူပေါ်က လဝကရုံးဟာ မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မတ်လ ၁၅ ရက် ည ၇ နာရီ ၂၅ မိနစ် ခန့်အချိန်က
လဝက ရုံးမီးစတင်လောင်ကျွမ်းခဲ့ပြီး သေနတ်ပစ်ခတ်သံ ၁၀ ချက်ကျော်လောက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“သေနတ်သံတွေ အချက်ရေများစွာဆက်တိုက်ကြားရတယ်။ ပြီးတာနဲ့ လဝက ရုံးထဲကနေပြီး မီးခိုးလုံးကြီးတွေ ထွက်လာတယ်။ ပြီးမှလဝကရုံး ကြီး မီးလောင်နေမှန်း သိရတယ်”လို့ အသက် ၄၀ ဝန်းကျင် အရွယ်ရေဖြူမြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။
မီးလောင်နေစဥ် အတွင်း ၈ နာရီခွဲခန့်အချိန်တွင် ရေဖြူမြို့အနောက်ဘက်ကမ်းက မီးသတ်ကားရောက် လာပြီး လဝကရုံးကို မီးငြိမ်းသတ်ခဲ့ရာ ၉ နာရီ ၄၅ မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် လဝက ရုံးရဲ့တစ်ထပ်ကွန်ကရစ်အဆောက်အအုံ တစ်ဆောင် မီးလောင်သွားတယ်လို့ ဒေသခံ အချို့က ပြောပါတယ်။
လဝက ရုံးမီးလောင်မှုကြောင့် လူထိခိုက်မှု နှင့် ဆုံးရှုံးမှုတန်ဖိုး ကိုတော့ မသိရသေးပေမယ့် မီးလောင်ခဲ့တဲ့နေရာနားမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေဖြူမြို့နယ်လဝကရုံးအနီး ၂၀၂၂ ခုနစ်မေလက လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ရုပ်သံ – ရေဖြူမြို့ လူဝင်မှုကြီးကြပ်ရေးရုံး မီးလောင်နေသည့် မြင်ကွင်း
#ရေဖြူ #လဝရုံး #မီးလောင်မှုဖြစ် #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။