ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်

သပိတ်မှောက်ရမယ့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ အမှတ်တံဆိပ်စာရင်းတွေကို Burma Campaign UK က ယနေ့ ထုတ်ပြန်လိုက်ပါတယ်။

သပိတ်မှောက်ရမယ့်စာရင်းက မြန်မာစစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေ၊ အမှတ်တံဆိပ် တွေကို ဖော်ပြပြီး စစ်တပ်ပိုင်ကုမ္ပဏီတွေထံမှ ကုန်ပစ္စည်းတွေ ဝယ်ယူရာမှာ ရှောင်ရှားဖို့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီ တွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေကို အထောက်အကူပြုစေပါတယ်။

သပိတ်မှောက်ရမယ့်စာရင်းမှာ ပုသိမ်အခြေစိုက် The Angel Bistro၊ Nay Pyi Daw Wholesale၊ ရန်ကုန် အခြေစိုက် Five Star Port၊ Thateka Wharf နဲ့ Gandamar Wholesale တို့ ပါဝင်ပါတယ်။

စစ်တပ်ပိုင်ဆိုင်ပြီး ထိန်းချုပ်ထားတဲ့ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးပါသော ဝင်ငွေအရင်း အမြစ်တွေ ဖြစ်ပါတယ်။

စစ်တပ်ပိုင်ကုမ္ပဏီတွေမှ ကုန်ပစ္စည်းတွေ ဝယ်ယူတာဟာ စစ်တပ်ကို ဝင်ငွေတိုးစေပြီး စစ်တပ်က အဲဒီဝင် ငွေကို စစ်ဆင်ရေးပြုလုပ်ခြင်း၊ စစ်တပ်စွမ်းရည်တည်ဆောက်ခြင်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် ခြင်းတွေမှာ သုံးစွဲနေတယ်လို့ Burman Campaign UK က ဆိုပါတယ်။

“သပိတ်မှောက်ရမယ့်စာရင်းက စစ်တပ်ကို ရန်ပုံငွေမရရှိစေဖို့ မြန်မာပြည်သူတွေကို ထောက်ကူစေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ငွေကြေးမထောက်ပံ့နိုင်ဖို့ သံရုံးတွေ၊ ကုမ္ပဏီတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေက အသုံးပြုသင့်ပါတယ်” လို့ Burma Campaign UK မှ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။

မြန်မာနိုင်ငံရှိ သံရုံးတွေနဲ့ အလှူရှင်တွေက စစ်တပ်ပိုင်ကုမ္ပဏီတွေမှ ကုန်ပစ္စည်းတွေ မဝယ်ယူရမယ့်မူဝါ ဒတွေ ရှိသင့်ပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတွေက စစ်တပ်ပိုင်ကုမ္ပဏီတွေကို အထောက်အပံ့မဖြစ်စေဖို့ သူတို့ ရဲ့ငွေကြေးတွေကို မသုံးသင့်ဘူးလို့ သူက ဆိုပါတယ်။

ကိုးကား – Burma Campaign UK
Ref; Burmese Military Companies Boycott List Updated 2023