ဧရာဝတီတိုင်းမ်
မတ်လ ၁၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့နယ်အချို့မှာ မနေ့က မတ်လ ၁၃ ရက်နေ့ ညပိုင်းက မိုသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်လို့ လူနေအိမ်အချို့နဲ့ ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဧရာဝတီတိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနက သိရပါတယ်။

မတ်လ ၁၃ ရက်နေ့ညပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပြီး၊ပုသိမ်မြို့မှာနေအိမ်တစ်ချို့အမိုးလန်ခြင်း၊ သစ်ပင်များလမ်းပေါ်လဲကျတာတွေဖြစ်ပွားခဲ့ပြီး၊ သာပေါင်းမြို့နယ် သံပုရာချောင်းကျေးရွာက လူနေအိမ် ၂ လုံး၊ ကန်ကြီးထောင့်မြို့နယ် အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ သော်ကကုန်းကျေးရွာက ဘုန်းကြီးကျောင်းဆွမ်းစားဆောင်တစ်လုံးနဲ့ လူနေအိမ် ၄ လုံး၊ မြင်းကဆိပ်ကျေးရွာအုပ်စု ဇီးဖြူချောင်းကျေးရွာကလူနေအိမ်တစ်လုံးတို့ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့တာလို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

“ခုမနက်ပိုင်း ထိခိုက်ပျက်စီးမှုစာရင်းပို့လာတာပုသိမ်ခရိုင်တွင်းမှာ ပုသိမ်၊သာပေါင်းနဲ့ ကန်ကြီးထောင့်ဘက်မှာ လေပြင်းဒဏ်ကြောင့်လူနေအိမ်(၇)လုံးပျက်စီးတယ်၊ ဘုန်းကြီးကျောင်းဆွမ်းစားဆောင်တစ်ဆောင်ပျက်စီးတယ်လို့စာရင်းရထားတယ် အိမ်အမိုးလန်သွားတာနဲ့ သစ်ပင်လဲကျတာတွေ ပါရှိသေးတယ်လူထိခိုက်တာတော့မရှိပါဘူး”လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနကဝန်ထမ်းတဦးကဧရာ၀တီတိုင်းမ်းကို ပြောပါတယ်။

မနေ့က လေပြင်းတိုက်ခတ်မှုဖြစ်စဥ်ဟာ ဧရာ၀တီတိုင်းဒေသကြီးမှာ၂၀၂၃ ခုနှစ် အစပိုင်းမှာတင် ဒုတိယအကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက အချိန်အခါမဟုတ် မိုးရွာပြီးလေပြင်းတိုက်လို့လူနေအိမ် ၂၉ လုံး ပျက်စီးဆုံးရှုံးခဲ့တဟ်လို့တိုင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဌာနရဲ့မှတ်တမ်းတွေအရသိရပါတယ်။

#ပုသိမ် #ခရိုင် #မြို့နယ် #မိုးသည်းထန်စွာရွာသွန်း #လေပြင်းတိုက်ခတ် #နေအိမ် #ပျက်စီးဆုံးရှုံး
#Ayeyarwaddy_Times