နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ မတ်လ ၁၄ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ မတ်လ ၁၂ ရက်နေ့က ဆားလင်းကြီးမြို့မရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ရဲ့လောက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းကို ဒရုန်းနဲ့တိုက်ခိုက်ပြီးခဏအကြာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်တွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တာမျိုးရှိပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
“ ဒရုန်းနဲ့ဗုံးသီးချတာ ရဲ ၅ ယောက်သေတယ်၊ စစ်ကောင်စီဘက်ကတော့ အင်အားအလုံးရင်းနဲ့ လိုက်ပစ်တာမျိုး ရှိတော့ တိုက်ပွဲခဏဖြစ်လိုက်သေးတယ်၊ ဒါပေမယ့် အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်တယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဆားလင်းကြီးရဲစခန်းတိုက်ခိုက်မှုကို SSTF အဖွဲ့၊ Salinggyi Spaceman၊ Drone Army SSDA၊ ငဘ လက်နက်ကြီးတပ်ခွဲ၊ မန္တလေး တပ်ရင်း ၄ အညာမုန်တိုင်းတပ်ဖွဲ့၊ ဗိုလ်တမာလက်နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆားလင်းကြီးရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောင်း စစ်ကောင်စီတပ်တွေက မြို့အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးရေးတင်းကြပ်တာတွေလုပ်ဆောင်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကျေးရွာတွေဘက်ကိုတော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး မီးရှို့တာတွေ၊ နေအိမ်တွေက ပစ္စည်းတွေကို ခိုးယူတာတွေနဲ့ စိုက်ခင်းမီးရှို့ဖျက်စီးတာတွေကို မတ်လဆန်းပိုင်းမှာထဲက စတင်ပြုလုပ်နေတာ လို့ ဆိုပါတယ်။
#ဆားလင်းကြီးမြို့မရဲစခန်း #ဒရုန်းနဲ့တိုက်ခိုက်ခံရ #ရဲငါးဦးသေဆုံး #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။