ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ မတ်လ ၃ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယနေ့မတ်လ ၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် တပ်မဟာ ၁ နယ်မြေအတွင်းရှိ KNLAပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အင်္ဂဘိုရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် စစ်ကောင်စီယာဉ်တန်းအား လုံခြုံရေးယူပေးရန် ကင်းပုန်းဝပ်လာသည့် အင်အား ၁၃ ဦးဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ တပ်သား ၆ ဦးသေဆုံးပြီး ၅ ဝန်းကျင်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ကင်းပုန်းဝပ်လာတဲ့ တပ်သားတွေကို KNLAပူးေပါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာ။ တိုက်ခိုက်တဲ့နေရာကလည်း ကျွန်တော်တို့နယ်မြေပါပဲ။ သူတို့ဘက်ကနယ်မြေကျူးကျော်လာတာ။ ပုံမှန်တော့ အဲ့ဒီလိုကင်းပုန်းဝပ်လာတာက စကစယာဉ်တန်းတွေလာမှာကို ကြိုတင်လုံခြုံရေးယူပေးတဲ့သဘောပေါ့။ ကျွန်တော်တို့သိရသလောက်တော့ ၆ ဦးသေပြီး ၅ ဦးဝန်းကျင်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကနေ လမ်းပိတ်တာမျိုးတော့မကြားမိသေးဘူး။” ဟု သထုံခရိုင် PDF တာဝန်ရှိသူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ(၄၄)တပ်ရင်းဟု ယူဆရသည့်ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များမှ လုံခြုံစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ငှက်ပျောတောရွာအနီး နယ်မြေကျူးကျော်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်သား ၂ ဦးသေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ – ပုံအဟောင်းအား ပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။
#ကျိုက်ထို #ကင်းပုန်းဝပ် #စစ်ကောင်စီ #PDF #တိုက်ခိုက်
#Ayeyarwaddy_Times
https://www.facebook.com/508784185946254/posts/2426827537475233/