ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
အာဏာသိမ်းစစ်ကောင်စီအုပ်ချုပ်တဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ မ လေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ တရား မျှတမှုရရှိရေး အာဆီယံအဖွဲ့က ဖိအားပေးရမယ်လို့ ပြောကြားလိုက်ပါတယ်။
“ရိုးရိုးသားသား ပြောရရင် တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို မစွက်ဖက်တာဟာ ဉပေက္ခာပြဖို့ လိုင်စင် ရတာ မဟုတ်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့မှ ထုတ်ပယ်သင့် တယ်လို့ ကျွန်တော် မကြာသေးမီက ဗန်ကောက်မြို့တော်မှာ ပြောကြားခဲ့ပါတယ်” လို့ အန်ဝါက ဆိုပါတယ်။
“မြန်မာ့အရေးဟာ ပြီးခဲ့တဲ့ညပိုင်းက သမ္မတ ဖာဒီနန်မားကို့စ်နဲ့ ကျွန်တော်ဆွေးနွေးခဲ့တဲ့ အဓိကကိစ္စရပ် တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တရားဉပဒေစိုးမိုးရေးကို အလေးမထားတာတွေကို ထိထိရောက်ရောက် ဖြေရှင်းမယ့် တူညီဆန္ဒ သစ်တစ်ခု တည်ဆောက်ရမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဉီးဆောင်တဲ့ ဒီမိုကရေစနည်းကျ ရွေး ကောက်ခံခေါင်းဆောင်တွေကို ထိန်းသိမ်းခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေး ဆင့်ခေါ်တော့မယ့် ဖေဖော်ဝါရီလ ၂ ရက်မနက်ပိုင်းမှာ မြန်မာစစ်တပ်က ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဉီးဝင်းမြင့် အပါအဝင် အရပ်သားခေါင်းဆောင်တွေိကို ထိန်းသိမ်းခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံကို စစ်ကောင်စီက အုပ်ချုပ်နေတာကြောင့် ဖမ်းဆီးမှုတွေ၊ သေဆုံး မှုတွေရှိခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကိုးကား – GMA News Online
Ref; Malaysian PM Anwar calls on ASEAN ‘to take action’ on human rights violations in Myanmar