ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စစ်တပ်ဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြရာ စစ်သား ၃ ဦး သေဆုံးပြီး သေနတ် ၂ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း Depeyin Local Mobile Team အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မတ်လ ၂ ရက်‌ နံနက်ပိုင်းက မြို့ပေါ်ရှိ စစ်တပ်ဂိတ်ကို ပူးပေါင်းအဖွဲ့မှ ၀င်ရောက်တိုက် ခိုက်ခဲ့ကြခြင်းဖြစ်ပြီး MA4 တွဲ ၁ လက်၊ MA 11 ၁ လက် တို့ကို သိမ်းဆည်းရရှိခဲ့‌ခြင်းဖြစ်ကြောင်း သိရသည်။

“မနက် အစောကြီး သူတို့အိပ်နေချိန် ၀င်တိုက်ခဲ့ကြတာ။ ခုစစ်ဆင်ရေးကို သူရဲကောင်းတို့အမှတ်တရ အထူးမစ်ရှင်တစ်ရပ်အနေနဲ့ လုပ်ခဲ့ကြတာပါ။ စစ် ဆင်ရေးအောင်မြင်မှုပါပဲ စစ်ကောင်စီဘက်က ၃ ယောက်သေပြီး လက်နက်တွေလည်းရခဲ့တယ်”ဟု Local Mobile Team (DPY)တာ၀န်ခံ ဗိုလ်သုခမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့ ၀င်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၃ ဦးသေဆုံးခဲ့ပြီး MA4 တွဲ ၁ လက်၊ MA 11 ၁ လက်၊ ၄၀ မမ ဗုံးသီး ၁၅ လုံး၊ MA 11 ကျည်ဘောက် ၄ ခု၊ လက်ပစ်ဗုံး ၂ လုံးနှင့် 5.56 ကျည် (၁၀၅)တောင့် တို့ကို ရရှိခဲ့သည်ဟုဆိုသည်။

တိုက်ခိုက်မှုကို Local Mobile Team (DPY)၊ ကြေးမုံ တပ်ရင်း(တပ်ခွဲ ၃)၊ တပ်ရင်း ၁၂ ရွှေဘိုခရိုင်ပူးပေါင်း အဖွဲ့တို့မှ ပြောက်ကျားစစ်ဆင်ရေးအဖြစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#ဘုတလင် #စစ်တပ်ဂိတ် #PDF #တိုက်ခိုက် #စစ်သား #သေဆုံး #သေနတ်
#Ayeyarwaddy_Times
https://www.facebook.com/508784185946254/posts/2426827537475233/