ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

ဧရာ၀တီတိုင်း၊ ​ကြံခင်းမြို့နယ်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက မတ်လ ၂ ရက်နေ့မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်က စကြာ၀တေးမင်းကြီးသပိတ်ကော်မတီကဦးဆောင်က”တစ်သံတည်းညီ တစ်ချီတည်းရုန်း ၂၀၂၃”စာသားကိုကိုင်ဆောင်ကာ ကြံခင်းမြို့နယ်တစ်နေရာမှာပြုလုပ်ခဲ့တာလို့သိရပါတယ်။

“စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ၈ကြိမ်မြောက်ရှိပါပြီးပြည်သူတွေရဲ့ကိုယ်စား စစ်အာဏာ ရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်”လို့ စင်္ကြာဝတေးမင်းကြီးသပိတ်ကော်မတီဝင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

မတ်လ ၁ ရက်နေ့ကလည်း ကြံခင်းမြို့ရှောင်လမ်းကရေကာတာနံရံမှာလူမဲ့သပိတ်ပြုလုပ်မှုနဲ့ပတ်သတ်ပြီးအနီးအနားက ကျေးရွာတွေဖြစ်တဲ့ တလိုင်းကွင်းကျေးရွာ၊ ပေါက်တောကြီးကျေးရွာ ၊ ပန်းရံစုကျေးရွာများအတွင်း စစ်တပ်နဲ့ရဲများက ဒေသခံတွေကိုခြိမ်းခြောက်စစ်ဆေးမှုပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲတဲ့ ဖေဖော်ဝါရီလ၂၄ရက်နေ့က ကြံခင်းမြို့ပုသိမ်၊မုံရွာကားလမ်းမှကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် ငါတို့ချစ်တဲ့ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းချိတ်ဆွဲခဲ့ပြီး လာရောက်ဖြုတ်ယူတဲ့ စရဖတပ်သားကျော်ဇင်၀င်းဆိုသူ ရပ္ထားတဲ့ ကုန်တင်ယာဉ်ကို၀င်တိုက်ပြီးသေဆုံးခဲ့ပါတယ်။

ကြံခင်းမြို့နယ်က လမ်းတွေပေါ်မှာ စစ်ကောင်စီတပ်က အရပ်၀တ်တွေ နဲ့ စောင့်ကြည့်နေတဲ့ကြားကဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပြီး စကြာ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီး မတ်လ၂ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို ၈ ကြိမ် ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။

#ကြံခင်း #လုံခြုံရေးတင်းကြပ် #၈ကြိမ်မြောက် #စစ်အာဏာရှင်ဆန့်ကျင်ရေး #လှုပ်ရှားမှု #ဆန္ဒထုတ်ဖော်
#Ayeyarwaddy_Times
https://www.facebook.com/508784185946254/posts/2426827537475233/