ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
ဆည်မြောင်းညွှန်ချုပ်ဟောင်း ဦးကျော်မြင့်လှိုင်ပိုင် ဆိုင်သည့် နေပြည်တော်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းမပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ည ၈ နာရီခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဗုံးပေါက်တာတော့ ကြားတယ် အထိခိုက်ရှိမရှိတော့ မသိရသေးဘူး၊ ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာတော့ထုတ်ပြန်တာမရှိသေးဘူး။ ကျွန်တော်တို့လည်းစုံစမ်းနေဆဲပါ၊ မနက်လောက်တော့သိရမယ်ထင်တယ် “ဟု ဒေသတော်လှန်ရေးအဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှုကို ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေပေ။
ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း ဇမ္ဗူသီရိမြို့နယ် ၊ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဌဟောင်း ဦးမြငြိမ်း၏ နေအိမ်အား လက်လုပ်ဗုံးဖြင့် ပစ်တိုက်ခိုက်ခံရပြီး အိမ်အမိုးထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအရင်းမြစ်များထံမှသိရသည်။
#နေပြည်တော် #ညွှန်ချုပ်ဟောင်း #စားသောက်ဆိုင် #ဗုံးကွဲ #Ayeyarwaddy_Times