ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ရှိ စစ်ကောင်စီတပ်၏ နက/၆၀ စစ်ကြောရေးစခန်းကို ဖေဖော်ဝါရီ၂၈ ရက် ညနေ ၇ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း သတင်းရရှိသည်။
အင်အား၂၀ ဝန်းကျင်ရှိသော ချောက်မြို့ အနော်ရထာတံတားဘက်တွင်ရှိသည့် စစ်ကောင်စီစစ်ကြောရေးအသွင်ဆောင်ကာ အထိုင်ချနေပြီး ပြည်သူများကိုဖမ်းဆီး ညဉ်းပန်းနှိပ်စက်နေသည့် စစ်ကြောရေးစခန်း နက/၆၀ ကိုသွားရောက်တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း Chauk Guerrilla Force အဖွဲ့ထံမှ သိရသည်။
“သူတို့က မကြာခင်ကဘဲ ပြည်သူနှစ်ဦးကို ဖမ်းပြီး အလောင်းဘဲ ပြန်ပေးတဲ့လုပ်ရပ်တွေရှိနေတဲ့ စစ်ကြောရေးအသွင် လုပ်ဆောင်နေတဲ့ နက/၆၀ စစ်ကြောရေးပါဗျ၊ အဲ့နေရာကို ကျတော်တို့ကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်တာပါ။ အရှေ့မှာလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ပစ်ခတ်ခဲ့တာ ၂ ယောက်သေဆုံးတယ်လို့ သိရတယ်”ဟု Chauk Guerrilla Force အဖွဲ့ ဒုခေါင်းဆောင် ဗိုပေတက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ညဉ်းပန်းနှိပ်စက် နေသည့် စစ်ကောင်စီတပ်တွေကို ပြည်သူတွေက ရရာအခန်းကဏ္ဍကနေ တွန်းလှန်ကြပြီး တော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင် ပူးပေါင်းပါဝင်ကြပါဟု ၎င်းမှတိုက်တွန်း ပြောဆိုထားသည်။
အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force အဖွဲ့နှင့်အတူ ချောက်(ပကဖ)၊ Hunter Dragon Group KF၊ people Defence Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။