ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၇ ရက်

ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံအတွင်းက တိုင်းနှင့် ပြည်နယ်အများစုမှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့မှာ နေရာခပ်စိပ်စိပ် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သါရီ၊ ရှမ်း(​မြောက်)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေး၊ ကချင်နဲ့ ရခိုင်ပြည်နယ်တို့မှာတော့ နေရာကွက်ပြီး မိုးထစ်ချုန်းရွာနိုင်သလို ရွာရန်ရာနှုန်းကတော့ ၈၀ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့မှာတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က နေရာကွက်ကြား မိုးရွာသွန်းတာတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာ၀တီတိုင်း အတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ကိုင်နေသူဒေသခံများနဲ့ အခြားတိုင်းနှင့် ပြည်နယ်များမှာရှိတဲ့ ​စိုက်ပျိုးလုပ်ကိုင်နေသူများအနေနဲ့ ရာသီဥတုအခြေအနေအချိန်အခါကို သတိပြုနိုင်ရန်အတွက် ဧရာ၀တီတိုင်းမ်သတင်းဌာနမှ အသိပေးအပ်ခြင်း ဖြစ်ပါတယ်။