ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၆ ရက်

ကိယက်ဗ်မြို့တော် ကောင်းကင်ယံမှာတွေ့ရတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ စစ် တပ်ကပြောပြီး နိုင်ငံတကာက လေကြောင်းအကူအညီပေးကြဖို့ ယူကရိန်းနိုင်ငံက တောင်းဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံက ပစ်လွှတ်ခဲ့တယ်ဆိုတဲ့ သူလျှိုမိုးပျံပူဖေါင်းတွေကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြော ပါတယ်။ ယူကရိန်းရဲ့ အိမ်နီးချင်းတိုင်းပြည်တွေမှာ အလားတူဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

ကိယက်ဗ်မြို့ရဲ့ ကောင်းကင်ယံမှာ ရုရှားနိုင်ငံရဲ့ သူလျှိုမိုးပျံပူဖေါင်း ခြောက်လုံးထက်မနည်း တွေ့ရှိခဲ့ တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတဲ့ သူလျှိုမိုးပျံ ပူဖေါင်းတွေကို ပစ်ချခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဆိုပါတယ်။

ကိယက်ဗ်ရဲ့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးရေးစမ်းသပ်ဖို့ သူလျှိုမိုး ပျံပူဖေါင်းတွေ လွှတ်တင်ခဲ့တာလို့ ယူကရိန်းလေတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယူကရိန်းရဲ့အိမ်နီးချင်း ရိုမေးနီးယားနဲ့ မော်လ်ဒိုဗာနိုင်ငံမှာ ရုရှား သူလျှိုမိုးပျံပူဖောင်းလို့ ယူဆရတဲ့ အ ရာတွေ တွေ့ရှိခဲ့တယ်လို သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

မိမိပိုင်နက်နယ်မြေအတွင်း ရာသီဥတုဆိုင်ရာ မိုးပျံဘောလုံးလို အရာဝတ္ထုတစ်ခု တွေ့ရှိပြီးနောက် ဂျက် တိုက်လေယာဉ်တေွ စေလွှတ်ခဲ့တယ်လို့ ရိုမေးနီးယားနိုင်ငံက ပြောပါတယ်။

ယူကရိန်းနယ်စပ်မှ တိုင်းပြည်ရဲ့လေပိုင်နက်အတွင်း မိုးပျံပူဖောင်းကဲ့သို့ အရာဝတ္ထုတစ်ခု ဝင်ရောက်လာ ပြီး တစ်နာရီအကြာမှာ ပစ်ချခဲ့တယ်လို့ မော်လ်ဒိုဗာ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – NHK
Ref; Alleged Russian spy balloons shot down by Ukraine