ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၄ ရက်

မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူတွေနဲ့ပတ်သက်လို့ ပိုပြီး မဖော်ရွေလာပြီး ဒုက္ခသည် တွေ၊ ခိုလှုံခွင့်တောင်းခံသူတွေကို နှင်ထုတ်လာပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလနဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသား ၂၀၀၀ ထက်မနည်း အဓမ္မ နေရပ်ပြန်ပို့ခံ ခဲ့ရတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။

မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားတွေကို အဓမ္မ နေရပ်ပြန်ပို့တာနဲ့ပတ်သက်လို့ စိုးရိမ်မိတယ်လို့ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) က ထုတ်ဖော်ပြောခဲ့ပြီး ဖိအားပေးပြီး နှင်ထုတ်တာတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ ဉပဒေဆိုင်ရာဝတ္တရားတွေ လိုက်နာဖို့နဲ့ နိုင်ငံတကာရဲ့ ကာကွယ်ပေးမှု လိုအပ်နေတဲ့ ပြည်သူ တွေရဲ့အခွင့်အရေးကို လေးစားသမှုရှိဖို့ UNHCR က မလေးရှားအာဏာပိုင်တွေကို တိုက်တွန်းနေပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ နှိပ်စက်ခံရနိုင်တဲ့ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေခံရနိုင်တဲ့ ပြည်သူတွေကို သူတို့ရဲ့မိခင်တိုင် ပြည်တွေသို့ ပြန်မပို့ရဘူးလို့ UNHCR က ပြောပါတယ်။

မလေးရှားအစိုးရက မြန်မာစစ်တပ်နဲ့ အတိုက်အခံတွေကြား စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ထောက်ခံပေ မယ့် အာဆီယံအဖွဲ့မှလုပ်ဆောင်မယ့် ဒီရည်မှန်းချက်က အခုထိတော့ မအောင်မြင်သေးပါဘူး။

လူထုစစ်တမ်းတွေအရ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ရိုဟင်ဂျာအများစုပါဝင်တဲ့ မြန်မာနိုင် ငံမှဒုက္ခသည် ၁၈၃၀၀၀ လက်ခံထားရတာကို မလေးရှားပြည်သူတွေက မလိုလားတာကြောင့် ရွေးကောက်ခံအစိုး ရသစ်က ဒီပြဿနာကို လျစ်လျူရှုလို့ မရပါဘူး။

ကိုးကား – ANI
Ref; Malaysia continues to expel Myanmar refugees