နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ငပုတော)၊ ဖေဖော်ဝါရီလ ၁၀ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သား အချင်းချင်း ပစ်ခတ်မှူကြောင့် တပ်ကြပ်ကြီး တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သက္ကယ်သောင်ကျေးရွာ ထိပ်စွန်းဒေသမှာ တာဝန်ကျနေတဲ့ ခလရ (၂၇၁) က စစ်ကောင်စီတပ်သား အချင်းချင်း ကင်းစောင့်ရတဲ့ကိစ္စစကားများရာနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက သိရပါတယ်။
” သေနတ်နဲ့ ၄ ချက်ပစ်တာ၊ နေရာမှာတင်သေသွားတယ်၊ ကင်းချထားတာကိစ္စကနေစပြီး စကားများတာ၊ ပစ်တာက တပ်သား သေတာက တပ်ကြပ်ကြီး ”လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ကင်းချထားတဲ့ကိစ္စမကျေနပ်လို့ တပ်ကြပ်ကြီးကို တပ်သား လင်းထွဋ်က သေနတ်နဲ့ ၄ ချက်ပစ်ခတ်ပြီးနောက်ပိုင်း ချက်ခြင်းထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်စဥ် အပြီး နာရီပိုင်းအကြာမှာပဲ အနီးနားက ကျေးရွာတွေကို စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။