ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက ပုသိမ်မြို့ကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ လုံခြုံရေးချထားမှုဟာ အင်အားများပြားတာကြောင့် ဒေသခံတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပုသိမ်မြို့က ရွှေမုဌောဘုရားကိုကိုလာရောက်ကြည့်ရှု့ချိန်မှာ လမ်းတစ်လျှောက် လုံခြုံရေးတင်းကြပ်ထားသလို ပိတ်ဆို့ရှာဖွေတာတွေ စစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ လမ်းမှာက လုံခြုံရေးတွေ ချထားတယ်၊ ပုသိမ် မြို့နယ်ထဲမှာလည်း အရပ်ဝတ်တွေနဲ့ရော ယူနီဖောင်းတွေပါ တော်တော်များများတွေ့ရတာ၊ ကင်းပုန်းဝတ်တာတွေပါရှိတယ်၊ ဒေသခံတွေက ဘာဖြစ်မှန်းမသိတော့ အထိတ် တလန့်ဖြစ်တာပေါ့”လို့ အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကြောင့် ဧရာဝတိတိုင်းအဝင်ဖြစ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်နဲ့ တွံတေးဘက်က ခေတ္တိယဂိတ်အပြင် ညောင်တုန်းဆားမလောက်လမ်းပိုင်းအထိလုံခြုံရေး အထပ်ထပ်ချထားခဲ့တာလို့ ဆိုပါတယ်။

နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေနဲ့ သတင်းဌာနတွေမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပုသိမ်မြို့က မုဌောကိုးဆူးမှာ တစ်ဆူးအပါဝင်ဖြစ်တဲ့ ရွှေမုဌောဘုရားကိုဝင်ရောက်ပြီး ေအသေးစားအလတ်စားလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။