ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၉ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ရဲမိသားစုဝင်နေအိမ်က ရိုးရာနတ်ပွဲတစ်ခုကို နယ်ထိန်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့လို့ ရဲတပ်ဖွဲ့ဝင် အချင်းချင်း မကျေမနပ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီ ရိုးရာနတ်ပွဲမှာရှိတဲ့ နတ်ထိန်းနဲ့ ဆိုင်းသမားတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပြင် စက်ပစ္စည်းတွေကိုပါ ရေကြည်မြို့မရဲစခန်းထဲကို သယ်ယူသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“နတ်ပွဲတိုင်းက ပွဲပါမစ်လုပ်ကြတယ်၊ တစ်ချို့အိမ်တွေလဲ နတ်ပွဲလုပ်နေကြတာပဲ။ တစ်ချ်ို့နတ်ပွဲတွေကတော့ ဆက်ကနေတုန်းပါပဲ။ အခုကြ ပိုက်ဆံလဲပေးထားရသေးတယ် အဲ့တာကို ရဲမှူးက ဖမ်းခိုင်းလို့ဆိုပြီး နယ်ထိန်းတွေက အတင်းဝင်ဖမ်းကြတာ။ ဖမ်းတဲ့အိမ်ကလဲ ရဲမိသားစုဝင်အိမ်ဆိုတော့ အခုပြသနာတက်နေကြတယ်” လို့ အသက် ၃၅ နှစ်ဝန်းကျင် ရေကြည်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဒါ့ပြင် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နတ်ထိန်းအဖွဲ့နဲ့ စက်ပစ္စည်းတွေကို နာရီပိုင်းအတွင်းမှာပဲ ရေကြည်မြို့မရဲစခန်းမှာ ငွေပေးပြီး ပြန်ရွေးယူခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်
ရေကြည်မြို့နယ်မှာ ပြုလုပ်နေတဲ့ ရိုးရာနတ်ပွဲတွေဟာ ပွဲပါပစ်ကြေးပေးရတဲ့အပြင် စစ်ကောင်စီတပ်နဲ့ ရဲတွေကိုပါ လိုင်းကြေး ၄၀၀၀၀ ကျပ်ဝန်းကျင် ပေးဆောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။