ဧရာဝတီတိုင်းမ်
(မြိုင်)၊ ဖေဖော်ဝါရီလ ၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းတွင် ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ဖလံကိုင်း ရေနံမြေစခန်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို လခြမ်းမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၃ ဦး မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၁) ထံက သိရသည်။

ဝက်ပုတ်(ပျူရွာ)တွင် ညအိပ်ပြီး ထွက်လာသည့် စစ်ကောင်စီတပ်သားအင်အား ၂၀ ပါဝင်သည့် ကား ၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ယနေ့ နံနက် ၈ နာရီ ၃၀မိနစ်က well2-ကိုင်းတောမ လမ်းပိုင်းတစ်နေရာတွင် လခြမ်းမိုင်း ၆ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“လခြမ်းမိုင်း ဆိုတာ သစ်ပင်မှာချိတ်ထားတဲ့ မိုင်းအမျိုးစားပါ။ ကားသွားရင် ထိမိရင် ပေါက်ကွဲတဲ့သဘောပါ။ ဒီထောက်ပို့စစ်ကြောင်းက ရက်ကြာနေပြီ။ ဖလံကိုင်း စခန်းကထွက်လာတာ။ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ကတိုက်ခိုက်ခဲ့ပါတယ်။ ပုံမှန်ဆို မြိုင်-ပခုက္ကူလမ်းက နေ့ချင်းပြန် ၁၀ ခေါက်လောက်သွားလို့ရတယ်။ ရိက္ခာ‌ထောက်ပို့လာတာက ရှေ့လ ၂၂ ရက်ထဲက ပို့ပြီး ပြန်နေတာ ခုထိကို မြိုင်က မထွက်ရသေးဘူး” ဟု မြိုင်(ပကဖ)မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယနေ့မိုင်းဆွဲတိုက်ခိုက်မှုအားမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း၁၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၄)-စက်ြာ ၊ မုန်တိုင်းတပ်ဖွဲ့နှင့် MUGDFအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း အဆိုပါထောက်ပို့စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် စနိုက်ပါဖြင့်ပစ်ခတ်မှုကြောင်း ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရှိကြောင်း မြိုင်(ပကဖ)ဝာာဝန်ရှိသူထံက သိရသည်။

ဖလံကိုင်းရေနံမြေသို့ ရိက္ခာပို့ ထောက်ပို့ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်၍ ပခုက္ကူမှ မြိုင်နယ်-ဖလံကိုင်းရေနံမြေသို့ ရိက္ခာပို့လာခြင်းဖြစ်သည်။ အဆိုပါ ယာဉ်တန်းနှင့် ယာဉ်တန်းကို လုံခြုံရေးယူပေးခဲ့သည့် စစ်ကောင်စီ ခြေလျင်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ အသွား လမ်းတစ်လျောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင်လည်း စစ်ကောင်စီတပ်သား ၂၂ ဦးအထိ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း မြိုင်(ပကဖ)၏ ထုတ်ပြန်ချက်များ အရ သိရသည်။