ဧရဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အခြေစိုက် အမှတ်(၁၂)တပ်ရင်း၊ လျှပ်စီးတပ်ခွဲမှ ထုတ်လုပ်ထားသည့် G 3 ၊ စနိုက်ပါ၊ ၄၀ မမနှင့် ၁၂၀ မမ ၃ လုံးတွဲးများကို ထုတ်ဖော်ပြသလိုက်ပါတယ်။

လျှပ်စီးတပ်ခွဲအနေနဲ့ စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် အတွက် လက်နက်ကြီး လက်နက်ငယ်များအားအောင်မြင်စွာ ထုတ်လုပ်ထားပြီလက်ရှိအချိန်တွင် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ နီးပါအထိ ထိခိုက်သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။

“လက်နက်ကြီးအပိုင်းမှာတော့ ၆၀ မမနဲ့ ၁၂၀ မမ တွေထုတ်လုပ်အောင်မြင်ထားပါတယ်။ ၁၂၀ မမ ကတော့ ၁ မိုင်အထိ ဝေးပါတယ်။ ၃ လုံးကိုတစ်လုံးချင်းလည်း ပစ်လို့ရသလိုအရေးကြီးတဲ့အခါ အတွဲလိုက်လည်းပစ်လို့ရပါတယ်ဗျ။ G 3 စနိုက်ပါကို စကုတ် ၄ သိန်းကျော်တန်တပ်ထားပါတယ်ဗျ။ လောလောဆယ်တော့ မီတာ ၃၀၀ လောက်အထိ စမ်းထားပါတယ်” လို့ လျှပ်စီးတပ်ခွဲမှ တပ်ခွဲမှူး မိုးကြိုးမှ ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လက်ရှိတွင် လက်နက်ကြီး၊ လက်နက်ငယ် အောင်မြင်စွာထုတ်လုပ်ထားနိုင်ပေမယ့် ကျည်လိုအပ်ချက်ရှိနေတာကြောင့် ကူညီလိုသူတွေအနေနဲ့ တတ်နိုင်သလောက်ပါဝင်ကူညီပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

#မုံရွာ #အမှတ်(၁၂)တပ်ရင်း #တပ်ခွဲ #လျှပ်စစ်တပ်ခွဲ #G3 #စနိုက်ပါ #၄၀မမ #၁၂၀မမ #၃လုံးတွဲ
#Ayeyarwaddy_Times