ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်
စစ်ကိုင်းတိုင်း ၊ ဆားတောင်မြို့ နယ် အခြေစိုက် မြေအောက်လျှပ်စီပြောက်ကျားအဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်အထိရှိနေသော်လည်း လက်လုပ်သေနတ် အလက် ၃၀ ကျော်သာ ရှိနေသေးကြောင်း သိရသည်။
အဆိုပါတပ်ဖွဲ့မှာ တူမီးလက်လုပ်သေနတ်၊ လက်လုပ်မိုင်းများအသုံးပြုကာ စစ်ဆင်ရေး အကြိမ် ၂၀ ကျော်အတွင်း စစ်သားနှင့် ရဲ ၊ ပျူစေားထီအဖွဲ့ ၊ ဒလန်များအပါအဝင် ဦးရေ ၁၃၀ ကျော်အား ရှင်းလင်းနိုင်ခဲ့ကြောင်း မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
“ကျွန်တော်တို့ စတင်ထူထောင်ခဲ့တာ ၁၂ ယောက်နဲ့ပါ။ ထူထောင်စဥ်က တူမီး လေးတွေ လက်လုပ်မိုင်း တွေနဲ့ပဲ မစ်ရှင်တွေလုပ်ခဲ့ရတာ။ အော်တိုသေနတ်ဆိုတာ သင်တန်းမှာ ဆရာတွေ အဖြုတ်တပ် လုပ်တာသင်ပေးတော့မှသိတာ။ လက်လုပ်တွေနဲ့ကျတော့ သယ်ရတာလည်းမလွယ်သလို ဒလန်ရှင်းတာကအစ အဆင်မပြေပါဘူး။ မောင်းပြန်မရှိတော့ တိုက်ပွဲဝင်တဲ့အခါအားငယ်ရပါတယ်။ စစ်ခွေးတွေကို မခံချင်တဲ့စိတ်နဲ့ တိုက်နေတာပါ။ ဒါကြောင့် ပြည်တွင်း ပြည်ပက ညီကိုများကူညီကြပါ လို့မေတ္တာရပ်ခံပါတယ် “ဟု မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်း မှ ဧရာဝတီတိုင်းကို ပြောသည်။
မြေအောက်လျှပ်စီပြောက်ကျားအဖွဲ့မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ စစ်ဆင်ရေးများစတင်ဖော်ဆောင်နိုင်ခဲ့ကြောင်း ၎င်းတို့အနေနှင့် လက်လုပ်သေနတ်များမှ အချို့ကိုပင် တွင်ခုံမရှိခြင်းအခက်ခဲများကြောင့် ကိုယ်တိုင်မထုတ်လုပ်နိုင်ပဲ ပြန်လည်းဝယ်ယူနေရကာ တစ်လက်လျှင် ၅ သိန်းအထိ ပေါက်စျေးရှိနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များအား ရှင်းလင်းရာတွင် သေနတ်ကောင်းကောင်းမရှိသဖြင့် လက်လုပ်သေနတ်များ ၊ လက်လုပ်မိုင်၊ လက်လုပ် RPG များ အသုံးပြု၍သာ တိုက်ခိုက်နေရကြောင်း လက်နက်အင်အားမမျှသဖြင့် စစ်ဆင်ရေးများအတွင်း တပ်ဖွဲ့ဝင် ၆ ဦးအထိ ကျဆုံးခဲ့ရကြောင်း မြေအောက်လျှပ်စီးပြောက်ကျားအဖွဲ့ ခေါင်းဆောင်မှ ပြောသည်။
၎င်းတို့အနေဖြင့် တော်လှန်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ရန်အတွက် အော်တိုမောင်းပြန်သေနတ်များ ဝယ်ယူနိုင်ရန် လိုအပ်နေပြီး ပြည်တွင်း၊ ပြည်ပအလှူရှင်များအနေဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြရန် တိုက်တွန်းပြောဆိုထားသည်။