ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၄ ရက်

မြန်မာ့အရေးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဥက္ကဌသက်တမ်းအတွင်း ပထမဆုံးအ ကြိမ်အဖြစ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဂျကာတာမြို့တော်မှာ အထူးနေ့လည်စာစားပွဲတစ်ခု တက် ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်ငါးရပ်မှတစ်ဆင့် မြန်မာ့အ ရေးကို ကိုင်တွယ်ဖြေရှင်းမယ့် အဖြေတစ်ခုရှာဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက နေ့လည်စာစားပွဲအတွင်း ဆွေးနွေးပြီး သဘောတူခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငြိမ်းချမ်းသော အဖြေတစ်ခုရှာရာမှာ အခရာဖြစ်တဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု တစ်ခု ကျင်းပဖို့ ဒီကတိကဝတ်တွေက လမ်းဖွင့်ပေးမယ်လို့ အာဆီယံဝန်ကြီးတွေက သဘောတူခဲ့တယ်လို့ ရတ်နို က ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဒီရည်မှန်းချက်တွေအောင်မြင်ဖို့ နည်းလမ်းသုံးခု ချပြခဲ့ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံ အားလုံးရဲ့ အပြည့်အဝ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

ပထမဆုံးအချက်က အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေး သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ ဆက်ဆံဖို့ဖြစ်ပါတယ်။ ဒုတိယအချက်က အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ လူသားချင်းစာနာမှုအကူအညီ ပေးအပ် ခွင့်ပြုရေး ဆွေးနွေးဖို့ဖြစ်ပါတယ်။

တတိယအချက်က အာဆီယံအဖွဲ့က အိမ်နီးချင်းတိုင်းပြည်တွေ၊ သက်ဆိုင်ရာတိုင်းပြည်တွေ၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တွေ၊ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံရေးကိုယ်စားမပြုသူ ကိုယ်စားလှယ်တစ်ဉီး ဖိတ်ကြားခဲ့ပေမယ့် ထိုင်ခံနေရာကိုတော့ အလွတ်ထားခဲ့ပါတယ်။

အနာဂတ် အာဆီယံအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားမပြုသူ ဖိတ်ကြားမည်လားဟု မေးမြန်းရာ မှာ “လက်ရှိအချိန်မှာ မြန်မာထိုင်ခုံနေရာကို ထိုင်ဖို့ ဘယ်အဖွဲ့အစည်းမှ တရားဝင်မှုမရှိသေးပါဘူး” လို့ ရတ်နိုက ဖြေကြားခဲ့ပါတယ်။