ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၉ ရက်
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၂၆၄ တပ်အတွင်းသို့ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပ.က.ဖပူးပေါင်းအဖွဲ့ မှ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် M79 ဖြင့်သွား ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ပြီး တပ်အတွင်းမှ ပြန်လည်ပစ် ခတ်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်မှုကို မသိရှိရသေးဟု ဆိုသည်။
“ထိခိုက်မှုအခြေအနေကို စုံစမ်းနေတုန်းပါပဲ။ အထဲကပြန်ပစ်တာရှိပေမယ့် ရဲဘော်တွေအထိအခိုက်မရှိ ဆုတ်ခွာနိုင် ခဲ့ပါတယ်”ဟု အဖွဲ့၀င် ရဲဘော်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်ဆင်ရေးကို ညောင်လေးပင်မြို့နယ် (ပကဖ)နှင့် ကျောက်တံခါးမြို့နယ်(ပကဖ)တို့မှ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယခုလအတွင်း ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း ယင်း ခမရ(၂၆၄)တပ်ရင်းအတွင်းသို့ M 79 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၀င် ၁ ဦးသေဆုံးပြီး အဆောက်အဦအချို့ထိခိုက်ပျက်ဆီး မှုရှိခဲ့ကြောင်း ၎င်းမှပြောသည်။