ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၂၃ ရက်
မကြာသေးမီက ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အကြမ်း ဖက်မှု တွေ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန် စစ်က မေတ္တာရပ်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရှေးအကျဆုံး စစ်ကိုင်းတိုင်းဒေသကြီး ချမ်းသာရွာရှိ ကက်သလစ်ဘုရားကျောင်းတစ် ကျောင်း မီးရှို့ဖျက်ဆီးခံရမှု အပါအဝင် ကြောက်မတ်ဖွယ်ရာဖြစ်ရပ်ဆိုးတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောပါတယ်။
ပဋိပက္ခတွေ မကြာမီ အဆုံးသတ်ပြီး ခွင့်လွှတ်မှု၊ ချစ်ခင်မှု၊ ငြိမ်းချမ်းရေးကြောင့် ခေတ်သစ်ရောက်ရှိလာဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဆုတောင်းပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ခံအစိုးရကိုဖြုတ်ချကာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ လူမှု ရေးနဲ့ စီးပွားရေးအကျပ်အတည်းတွေ ကြုံတွေ့လာကာ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ထောင်နဲ့ချီတဲ့ပြည်သူတွေ အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ဖမ်း ဆီးခံ သို့မဟုတ် သတ်ဖြတ်ခံခဲ့ရပါတယ်။
မြန်မာစစ်တပ်ရဲ့ မကြာသေးမီက ကက်သလစ်ဘုရားကျောင်း ဖျက်ဆီးမှုနဲ့ အခြား အကြမ်းဖက်မှုတွေ ကြောင့် ကာဒီနယ် ချားလ်မောင်ဘို အပါအဝင် မြန်မာနိုင်ငံက ဘာသာရေးခေါင်းဆောင်တွေက ငြိမ်းချမ်းရေးလုပ် ဆောင်ဖို့ အားလုံးကို တိုက်တွန်းတဲ့ ငြိမ်းချမ်းရေမေတ္တာရပ်ခံမှု အစီအစဉ်တစ်ရပ် စတင်ခဲ့ပါတယ်။
ကိုးကား – Vatican News
Ref; Pope decries violence in Myanmar, Peru and Ukraine