ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးနယ်မြေရဲစခန်းကို ဇန်နဝါရီ ၄ ရက် ည ၉ နာရီဝန်းကျင်အချိန်က ၀ငျရောကျတိုကျ ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှသိရှိရသည်။

ချောင်းကြီးနယ်မြေရဲစခန်းကို ၅ နာရီကျော်ကြာတိုက် ခိုက်အပြီး ဇန်နဝါရီလ ၅ ရက် မနက်အစောပိုင်းတွင် ရဲစခန်းကိုစီးနင်းမိပြီး ရဲတပ်ဖွဲ့၀င် ၃ ဦး သေဆုံးကာ ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

” ချောင်းကြီးရဲစခန်းကို ည ၉ နာရီလောက်ကနေ စီး နင်းတိုက်ခိုက်တာ ကြာချိန် ၅ နာရီလောက်တိုက်ပြီးမှ စီးနင်းနိုင်ခဲ့တယ်။ ရဲ ၃ ကောင်သေပြီး ၅ ကောင်ဒဏ်ရာရတယ် ” ဟု ဗိုလ်လင်းယုန်အဖွဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတိုက်ခိုက်ခံရသည့်ရဲစခန်းအား စစ်ကူပေးရန်ဇရပ်ကွင်းကျေးရွာဘက်မှ လာရောက်သည့် စစ်ကောင်စီတပ်ကား ၂ စီးကို ဆင်မွှေးကျေးရွာနှင့် လိပ်ကျကျေးရွာကြား အရောက်တွင် ပဒေသာမိုင်း ၆ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ၅ ဦး ပြင်းထန်ဒဏ် ရာရပြီး ပြန်လှည့် သွားကြကြောင်း ၄င်းကဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုအား ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပကဖ)၊ ဗိုလ်ကောင်းကင်တပ်ဖွဲ့ (ပြင်ဦးလွင်ခရိုင် ပကဖ)၊ စဉ့်ကူးမြို့နယ်(ပကဖ)နှင့် Nine PDF မဟာ မိတ်တပ်ဖွဲ့များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရှိရသည်။