ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၆ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ မြို့နယ်တရားရုံးက စာရေးဖြစ်သူ ကိုဇင်ဘို ရုတ်တရက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရေကြည်မြို့နယ်တရားရုံးက စာရေးဖြစ်သူ ကိုဇင်ဘိုဟာ နေ့စဉ်ဆိုသလို အလုပ်မှာ ဖိအားများလာပြီး ည ၇ နာရီကျော်မှ နေအိမ်ပြန်ရတာတွေကြောင့် ခုလိုမျိုး အဆုံးစီရင်သွားတာ ဖြစ်နိုင်တယ်လို့ တရားရုံးကနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“အလုပ်ပိတာတွေ သူမခံနိုင်တော့တာဖြစ်မယ်။ အထက်ကလူကြီးတွေကလည်း အရမ်းဖိတာ ဆူတာရှိတယ်။ အဲဒါကြောင့် ခုလိုမျိုး ထွက်ပေါက်ရှာသွားတာနေမယ်”လို့ ရေကြည်မြိုနယ်က တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
တရားရုံးစာရေး ကိုဇင်ဘိုဟာ အနေအေးသူတစ်ဦးဖြစ်ပြီး နေ့စဉ် အကြောင်းအမျိုးမျိုးနဲ့ အဆူအဆဲခံနေရတာကြောင့် ခုလိုမျိုး ပြုလုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ရေကြည်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း အဆုံးစီရင် သေဆုံးမှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။