ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၅ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ နိုဝင်ဘာလ ၂ ရက်နေ့က သစ်တောဝန်ထမ်းတစ်ဦးရဲ့ ဆိုက်ကယ်နဲ့ ဖုန်း ဓါးထောက်လုယက်ခံခဲ့ရပြီး ၂ လကြာတဲ့အထိ တရားခံဖမ်းမမိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
သစ်တောဝန်ထမ်းဟာ ညပိုင်း ဘိုကလေးမြစ်ကူးတံတားကို ဖြတ်ပြန်လာတဲ့အချိန် တံတားပေါ်မှာ ဆိုင်ကယ်နဲ့ ဖုန်းကို ဓါးနဲ့ထောက်ပြီး လုယက်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ တရားခံကို ခုထိမမိသေးဘူး အစအနတောင်မပေါ်ပါဘူး ခုလောက်ဆို ဆိုင်ကယ်လည်း ပုံပြောင်းပြီး လောက်ပါပြီ ပြန်ရဖို့ မျှော်လင့်စရာလည်း မရှိတော့ဘူးပေါ့”လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဘိုကလေးမြို့မှာ မကြာခဏဆိုသလို ဆိုင်ကယ်လုယက်မှုတွေ ဆိုက်ကယ်ခိုးယူခံရမှုတွေ ဖြစ်ပွားနေပြီး ရဲတွေကတော့ တရားခံမိအောင် ဖမ်းမပေးနိုင်တော့ဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်အားလုံးနီးပါးဟာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဖို့အတွက် အင်အား အများအပြားသုံးထားရတာကြောင့် ခိုးဆိုးလုနိုက်တွေကို နိမ်နင်းဖို့ အင်အားမလုံလောက်တော့တာလို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။