ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ၂၄ ရက်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ရေဇင်းရွာမှ စစ်ကောင်စီတပ်သတင်းပေးဆိုသူ ၁ ဦးကို ဒီဇင်ဘာလ ၂၃ ရက် ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း TGYR-Youth Guerilla Counter Revolution (LPDF)အဖွဲ့မှ ထုတ်ပြန်သည်။

ပစ်သတ်ခံရသူမှာ စစ်ကောင်စီတပ်သတင်းပေးဆိုသူ ဇင်မျိုးထက်(ခ)ဘိဘိ ဖြစ်ပြီး ၄င်းမှာစစ်ကောင်စီကို သတင်း ပေးဒလန်ပြုလုပ်နေပြီး ၎င်းသတင်းပေးမှုကြောင့် တပ်ဖွဲ့ဝင် PDF ရဲဘော် ၂ ဦး သေဆုံးခဲ့ရသည့်အတွက် ယမန်နေ့ ညပိုင်းက အသက်ကြွေးပြန်ယူခဲ့ကြောင်း TGYR အဖွဲ့ခေါင်းဆောင်မှ ပြောသည်။

အဆိုပါတပိသတင်းပေး ဇင်မျိုးထက်ဆိုသူမှ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း PDF ရဲဘော်များ မစ်ရှင်ပြုလုပ်ရန်သွားမည့် လမ်းကြောင်းကို စစ်ကောင်စီအား ကြိုတင်သတင်းပေးပြီး လမ်း၌စောင့်၍တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ရသည်ဟုဆို သည်။

“ကျွန်တော်တို့ သူ့အိမ်ကိုရောက်တော့ သူ့မယားနဲ့ ရန်ဖြစ်နေတာ။ ကျွန်တော်တို့ကအေးဆေးပဲခေါ်တာပါ ခဏလောက်လိုက်ခဲ့ပါစစ်မေးစရာလေးရှိလို့ဆိုပြီး၊ သူမဟုတ်ရင် ဘာမှမလုပ်ပါဘူး။ သူကိုယ်တိုင်ကလည်း သတင်း ပေးခဲ့ကြောင်း ဝန်ခံပြီး နောက်ကွယ်ကကြိုးကိုင်နေသူတစ်ဦးလည်း ရှိတယ်ဆိုပြီး ပြောသွားတယ်။ သေချာတော့မှ ရှင်းလင်းခဲ့တာပါ။ သူ့ကြောင့် မစ်ရှင်တော်တော်များများ ပျက်ခဲ့တယ်။ ရဲဘော် ၂ ယောက်ရဲ့အသက်လည်း ပေး လိုက်ရတယ် “ဟု TGYR(LPDF)မှ ခေါင်းဆောင် ECO မှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုစစ်ဆင်ရေးကို စွန်ရဲစစ်ဆင်ရေးအဖြစ်အမည် ပေးထားပြီး အသက်ကြွေးအတွက် အသက်လျော်ကြေးပြန်ပေးရမည်ဖြစ်ပြီး စွန်ရဲကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နောက်လိုက်ဒလန်များကိုသုတ်သင် ရှင်းလင်းသွားမည်ဟုလည်း ၎င်းမှပြောသည်။

၎င်းတို့ TGYR-Youth Guerilla Counter Revolution (LPDF)အဖွဲ့၏ Page တွင် ဒလန်ရှင်းလင်းရေးနှင့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သည့် စစ်ဆင် ရေးများကို တင်ခွင့်မရသည့်အတွက် အသိပေးထုတ်ပြန်ခြင်းမရှိသည်ကို နားလည်ပေးကြရန်နှင့် တိုက်ပွဲမစ်ရှင်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ် ကြောင်း အသိပေးပြောကြားထားသည်။

#ငါးန်းဇွန် #စစ်တပ်သတင်းပေးဆိုသူ #TGYR #PDF #ရှင်းလင်း #AyeyarwaddyTimes