ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၀ ရက်

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ သီရိလင်္ကာနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းတစ်လျောက် ပင်လယ်ပြင်အတွင်း မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၄ ဉီးကို သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

စစ်တပ်ရဲ့ အကြမ်းဖက်နှိပ်ကွက်မှုကြောင့် မြန်မာ နိုင်ငံမှ ထွက်ပြေးလာခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူပြည့် သိပ်ကျပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ အခက် အခဲပေါင်းစုံ ကြုံတွေ့နေရတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ ရှိနေပါ တယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတွေဟာ မလေးရှား၊ အင်ဒိုနီးရှား အစရှိတဲ့ အရှေ့တောင်အာရှ တိုင်းပြည်တွေကိုရောက်ရှိဖို့ အန္တရာယ်များတဲ့ စစ်လှေတွေနဲ့ နှစ်စဉ် အသက်စွန့်ပြီး သွားရောက်နေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေရဲ့ အခြေ အနေဆိုးရွားလာခဲ့ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ကြောင့် ပြည်ပကိုထွက်ပြေးတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက် ပိုများလာခဲ့ပါတယ်။

ကမ်းခြေကနေ ရေမိုင် ၄ မိုင်အကွာ စစ်လှေရောက်ရှိချိန်မှာ သီရိလင်္ကာရေတပ်က ရိုဟင်ဂျာစက်လှေကို သတိထားမိပြီး ကယ်ဆယ်ခဲ့တာပါ။

စက်လှေကို သီရိလင်္ကာနိုင်ငံမြောက်ပိုင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ဆွဲခေါ်သွားပြီးနောက် ရှာဖွေရေးနဲ့ ကယ် ဆယ်ရေးလုပ်ငန်းတစ်ရပ် လုပ်ဆောင်ခဲ့တယ်လို့ ရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဂါရန်ဝီကရာမာသူရိယက ပြောပါ တယ်။

လှေပေါ်ပါ ရိုဟင်ဂျာတွေကို ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီး နောက်တစ်ဆင့် ဆုံးဖြတ်ဖို့ ရဲတပ်ဖွဲ့က တရားရေးအာဏာပိုင်တွေထံ လွှဲပြောင်းပေးမယ်လို့ သူက ဆိုပါတယ်။

သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့တဲ့ ရိုဟင်ဂျာတွေထဲမှာ အမျိုးသမီး ၃၉ ဉီးနဲ့ အသက်မပြည့်သေးသူ ၂၃ ဉီး ပါဝင်တယ်လို့ ဂါရန်ဝီကရာမာသူရိယက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်မှုကို တိုက်ခိုက်နေရပြီး စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုတွေ မလုပ် ဆောင်ဘူး လို့ မြန်မာအာဏာပိုင်တွေက ပြောပါတယ်။

မြန်မာစစ်တပ်က စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေကို သတ်ဖြတ်တာ၊ ကျေးရွာတွေကို မီးရှို့တာ တွေကို မီဒီယာတွေ က မှတ်တမ်းတင်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ကိုးကား – Aljazeera
Ref; Sri Lanka navy rescues over 100 Rohingya adrift in rough seas